အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

News Image

  • အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ Gold Card သည် အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရရေး တန်ဖိုးကြီးသည့် လမ်းကြောင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ လူအများစုအနေဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်လိုကြမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံ၌ ကုမ္ပဏီများဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင်ကာ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့လာရောက်နေထိုင်မည့်သူများသည် ငွေကြေးချမ်းသာသူများပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ Gold Card များကို လာမည့် သီတင်း(၂)ပတ်အတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့မှုကို CAN သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-CNA

Photo: Mint