တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး  ၊ ဖေဖော်ဝါရီ - ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ဂျုံ အစရှိသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားကြသည့် ကြက်သွန်စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ကျော်မြင့် ထံမှသိရသည် ။

“ဒီနှစ်စိုက်ပျိုးထားတဲ့ကြက်သွန်များကို မြေအောက်ရေတင်ပြီး  မြေဧက (၁.၅)ဧကကို အရှည်ပေ ၇၃ ပေ အကျယ် ၅ ပေခန့်ရှိ ကြက်သွန်များစိုက်ပျိုးရန် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အရင်နှစ်တုန်းက ကြက်သွန် ပိဿာချိန်(၆၅၀၀)ကျော်ထွက်ရှိပါတယ် ၊ ကြက်သွန်များရောင်းချချိန်တွင် ပေါ်ဦးပေါ်ဖျား အချိန်ကဆိုရင် တစ်ပိဿာကို(၃၀၀၀)ကျော်ရရှိပါတယ်၊ ယခုစိုက်ပျိုးထားတဲ့ ကြက်သွန်စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ် “ဟု ဒေသခံ တောင်သူများထံမှ သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ကြက်သွန်နီများကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြောင်းနှင့် ကြက်သွန်များကို မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင်စိုက်ခင်းများ ၊ ယာတောများတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ၊ ပန်းမျိုးစုံ စိုက်ခင်းများ၌ စိုက်ပျိုးကြကြောင်းသိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅