ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသား
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ရိုးရှင်းသော တွက်ချက်မှုများပြုလုပ်ရန် သို့မဟုတ် အချက်အလက်ရှာဖွေရန်အတွက် များသောအားဖြင့် အသုံးပြု သည့် စက္ကူ၊ ကတ်ထူပြား သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လက်ကိုင်ကိရိယာဖြစ်သည့် ဆလိုက်ဇယားများကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂရင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။
Harrisburg မြို့တွင်နေထိုင်သည့် ဒေးလ်ရူပတ်ဆိုသည့် အမျိုးသားသည် (၂၀၀၂) ခုနှစ်တွင် စတိုးဆိုင်တစ်ခုသို့ သွားရောက်ပြီး ဆလိုက်ဇယား များကို တွေ့ရှိခဲ့ပြီးနောက် စုဆောင်းမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး ဆလိုက်ဇယားစုဆောင်းမှုတွင် အလားတူပုံစံတူများ၊ ဘီးဇယားများလည်း ပါဝင်ပြီး လက်ရှိအချိန်တွင် အခုရေ (၃၁၁၇)ထိ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေးလ်ရူပတ်သည် ရေတွက်ရန်အတွက် အရည်အချင်းပြည့်မှီသော ဆလိုက်ဇယား(၁၁၁၁)ခုကို စုဆောင်းနိုင်ခဲ့မှုအတွက် ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား - NP news