ယူကရိန်းသည် NATO အဖွဲ့ဝင်မဟုတ်သော်လည်း ကာကွယ်ရေး အာမခံမှုများ ရရှိသင့်သည်ဟု အီတလီဝန်ကြီးချုပ်ဆို

News Image

  • ယူကရိန်းသည် NATO အဖွဲ့ဝင်မဟုတ်သော်လည်း ကာကွယ်ရေး အာမခံမှုများ ရရှိသင့်သည်ဟု အီတလီဝန်ကြီးချုပ်ဆို

အီတလီဝန်ကြီးချုပ် Giorgia Meloni က ယူကရိန်းသည် အမေရိကန် ဦးဆောင်သော စစ်ဘက်ဆိုင်ရာအဖွဲ့တွင် တရားဝင်မပါဝင်သော်လည်း NATO အဆင့်လုံခြုံရေးအာမခံချက်များ ရရှိသင့်ကြောင်းအဆိုပြုခဲ့ပြီးဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်ရန် အကြံပြုချက်ကို ပယ်ချခဲ့ကာ ရေရှည်အတွက် ပိုမိုတည်တံ့စေမည့်ဖြေရှင်းနည်းကိုသာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ရုရှားနှင့် ယူကရိန်းအကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကို အမြန်ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် Meloni ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့်လက အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယူကရိန်း၏ နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန်ရည်မှန်းချက်ကို ဆက်လက် လုပ်ဆောင်ရန် မသင့်ကြောင်းဖော်ပြခဲ့ပြီး ယူကရိန်း၏ နေတိုးအဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ကို ငြင်းပယ်ခဲ့သည်။

“NATO နိုင်ငံများ၌ရှိသော အာမခံချက်များကို ယူကရိန်းသို့ ချဲ့ထွင်ပေးခြင်း သည် NATO သို့ ဝင်ရောက်ခြင်းထက် ပိုမိုထိရောက်သော ဖြေရှင်းနည်း ဖြစ်မည်” ဟု Meloni က ဘရပ်ဆဲလ်ရှိ EU ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး၏ ပြင်ပတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သူမက ဤနည်းလမ်းသည် NATO အဖွဲ့ဝင်အဖြစ်နှင့် ကွဲပြားသော်လည်း သိသာထင်ရှားသော လုံခြုံရေးအာမခံချက်များကို ပေးစွမ်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂