ဒင်ဗာလေဆိပ်တွင် အမေရိကန် လေကြောင်းလိုင်း လေယာဉ်၏ အင်ဂျင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှ ဆင်းသက်စေခဲ့ရ

News Image

  • ဒင်ဗာလေဆိပ်တွင် အမေရိကန် လေကြောင်းလိုင်း လေယာဉ်၏ အင်ဂျင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှ ဆင်းသက်စေခဲ့ရ

အမေရိကန်လေကြောင်းလိုင်းလေယာဉ်တစ်စင်း၏ အင်ဂျင်မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှ ဆင်းသက်စေခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်သည် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင်မီးခိုးများ ဝေနေစဉ် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှဆင်းသက်စေခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရအရာရှိတစ်ဦးက American Airlines လေယာဉ်နံပါတ် 1006 တွင် ပါဝင်နေသည့်ခရီးသည်များကို လေဆိပ်အတွင်းသို့ အမြန်ဝင်ရောက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုလေယာဉ်သည် Colorado Springs မှ Dallas-Fort Worth သို့သွားရောက်နေစဉ် ဒင်ဗာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ဆင်းသက်ခဲ့ကြောင်း FlightAware.com ၏အချက်အလက်များအရသိရသည်။

American Airlines ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် ဒင်ဗာလေဆိပ်တွင် လေယာဉ်၏ အင်ဂျင်မီးလောင်မှု ဖြစ်ပွားပြီးနောက် Boeing 737-800 လေယာဉ်ပေါ်မှ ခရီးသည် ၁၇၂ ဦး နှင့် လေယာဉ်အဖွဲ့ဝင် ၆ ဦးကို ဆင်းသက်စေခဲ့ကြောင်းဖော်ပြခဲ့သည်။

လေယာဉ်ပေါ်ပါရှိသူများနှင့် မြေပြင်ပေါ်ရှိလူများ၏ဘေးကင်းရေးကို အဓိကထားပြီး အမြန်ဆုံးနှင့် ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်ပေးခဲ့သည့် လေယာဉ်အဖွဲ့ဝင်များ၊ DEN အဖွဲ့နှင့် ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများကို ကျေးဇူးတင်ရှိပါသည် ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂