ရုရှား-အမေရိကန် စွမ်းအင်ပူးပေါင်းဆောင်ရွက်က ဥရောပသည် စျေးနှုန်းချိုသာသည့် ဓာတ်ငွေ့ကို ရရှိမည်ဖြစ်ကြောင်း ပူတင် ပြောကြား
ရုရှားနှင့် အမေရိကန်တို့က စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီပါက ဥရောပတိုက်သည် စျေးနှုန်းချိုသာသည့် ရုရှားဓာတ်ငွေ့ကို ထပ်မံရရှိနိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘယ်လာရုဇ် သမ္မတ လူကာရှန်ကိုနှင့် ကရင်မလင်၌ မတ် ၁၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြောကြားလိုက်ပါသည်။
“အမေရိကန်နှင့် ရုရှားတို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီမယ်ဆိုပါက ဥရောပအတွက် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပေးနိုင်ကြောင်း၊ စျေးနှုန်းချိုသာသော ရုရှားဓာတ်ငွေ့ကို ရရှိသည့်အတွက် ဥရောပအတွက် အကျိုးရှိမှာပါ" ဟု ပူတင်က မှတ်ချက်ပြုထားပါသည်။
ကိုးကား- TASS
Photo: The World Economic Forum
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category