ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော် ရှိလာ
ဂါဇာစီးတီး မတ် ၂၃
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ လက်ရှိအချိန်ထိ လူပေါင်း ၅၀၀၂၁ ဦးသေဆုံးပြီး ၁၁၃၂၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလတွင် နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့သည်။ သို့သော် အစ္စရေးတပ်မတော်သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ
MM-News-Category