ယနေ့မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၇)ရက်သတ်မှတ္ကာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည်

News Image

  • ယနေ့မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၇)ရက်သတ်မှက်ကာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည်

အင်အားကြီးငလျင်ဘေး၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့(မတ်လ ၃၁ရက်)မှစ၍ (၇)ရက်သတ်မှက်ပြီး နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်၊ ၂စက္ကန့်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇ဒသမ ၇ရစ်(ခ်)တာစကေးရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားရ၍ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို ယနေ့(မတ်လ ၃၁ရက်)မှ လာမည့် ဧပြီလ ၆ရက်နေ့အထိ (၇)ရက်တိုင်တိုင် သတ်မှတ်ကြေငြာခဲ့ခြင်း ဖြစ်‌ပြီး ယင်းရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူမည်ဖြစ်ကြောင်း သိရသည်။

အင်အားကြီးမြေငလျင်ကြောင် စစ်ကိုင်းတိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင်ထိခိုက်သေဆုံးသူများစွာရှိခဲ့ပြီး အသက်အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်ဘေးကြောင့် (၃)ရက်အတွင်း လူပေါင်း(၁၇၀၀) ကျော် သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည့်အပြင် စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အဦများ ပြိုကျ ပျက်စီးခြင်းများစွာလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Source​: NP News