ကားစက်ရုံမှာ အလုပ်လုပ်နေတဲ့ AI အပြည့်အဝသုံး AlphaBot2
AlphaBot2 ဆိုတာ တရုတ်နိုင်ငံရှိ ရှန့်ဇန်းမြို့အခြေစိုက် AI2 Robotics ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း တခြားစက်ရုပ်တွေနဲ့ မတူတာက AlphaBot2 ဟာ AI ကိုအပြည့်အဝအသုံး ပြုထားပြီး အမျိုးမျိုးသော လုပ်ငန်းများ ကိုဆောင်ရွက်နိုင်စွမ်းရှိတဲ့ စက်ရုပ်တစ်ခု ဖြစ်နေခြင်းဖြစ်ပါတယ်။
AlphaBot2 အနေနဲ့လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေထဲမှာ အရည်အသွေး စစ်ဆေးခြင်း၊ အစိတ်အပိုင်းများ တပ်ဆင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်း ခြင်းတို့ပါဝင်ပါတယ်။ ဒါကြောင့်အခုဆိုရင် AlphaBot2 ဟာ မော်တော်ကားထုတ် လုပ်ရေးစက်ရုံတစ်ခုမှာ လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါဟာ AI နည်းပညာကို အပြည့်အဝ အသုံးပြုခြင်းဖြင့် မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းမှာ စက်ရုပ်တွေကို ထိရောက်စွာ အသုံးချလာ နိုင်မှုကို ရည်ညွှန်းနေပါတယ်။
AlphaBot2 ဆိုတာ AI2 Robotics ရဲ့ Alpha Brain System ကို အသုံးပြုထားတဲ့ မျိုးဆက်သစ်အသိဉာဏ်မြင့် စွမ်းရည်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သူက သင်ယူမှုကိုမြန်ဆန်စွာ လုပ်ဆောင်နိုင်တဲ့အပြင် ပတ်ဝန်းကျင်အပေါ် မူတည်ပြီး သူ့ရဲ့သိရှိမှတ်သား နိုင်စွမ်းကိုလည်း တိုးမြှင့်နိုင်စွမ်းရှိတယ်လို့ AI2 Robotics ကထုတ် ပြန်ထားပါတယ်။
နည်းပညာသတင်း
MWD Web Portal