EV အားသွင်းချိန်ကို ၅ မိနစ်အထိလျှော့ချပေးမယ့် မစ်ဆူဘီရှီရဲ့ ဘက်ထရီလဲလှယ်ရေး ကွန်ရက်

News Image

  • EV အားသွင်းချိန်ကို ၅ မိနစ်အထိလျှော့ချပေးမယ့် မစ်ဆူဘီရှီရဲ့ ဘက်ထရီလဲလှယ်ရေး ကွန်ရက်

မစ်ဆူဘီရှီဖူဆိုထရပ်နှင့် ဘတ်(စ်)ဆိုတဲ့ကုမ္ပဏီက  ၂၀၅၀  ပြည့်နှစ်အရောက်မှာ ဂျပန်နိုင်ငံရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို   ၄၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်စေရေးမှာ ပါဝင်ကူညီတဲ့အနေနဲ့ လျှပ်စစ်ကား(EV)များ အတွက် ဘက်ထရီလဲလှယ်ရေး ကွန်ရက်တစ်ခုကို တိုကျိုမြို့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

ဒီအစီအစဉ်ကို မစ်ဆူဘီရှီက အမေရိကန်ရဲ့ အမ်ပယ်ကုမ္ပဏီ၊   ဂျပန်ရဲ့ယာမာတို သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး  ဘက်ထရီလဲလှယ်နိုင်တဲ့  EV  များထုတ်လုပ်ရေးနဲ့   အလိုအလျောက် ဘက်ထရီလဲလှယ်ရေး စခန်းများကို တိုကျိုမြို့မှာ တည်ဆောက်သွားဖို့  စီစဉ်ထားတာဖြစ်ပါတယ်။

ဘက်ထရီလဲလှယ်နိုင်မယ့် EV များကို ထုတ်လုပ်ဖို့ဆိုတာ အချိန်ယူရဦးမှာဖြစ်ပေမယ့် ဘက်ထရီလဲလှယ်ရေးစခန်းများကိုတော့   တိုကျိုမြို့မှာရှိတဲ့  လူဦးရေ ထူထပ်ရာနေရာများမှာ  ဒီနှစ်အတွင်း တည်ဆောက်သွားမှာပါ။

ဒီလိုမျိုး ဘက်ထရီလဲလှယ်ရေး စခန်းများအတွက် အမေရိကန်အမ်ပယ်ကုမ္ပဏီရဲ့ နည်းပညာကို အဓိကထား အသုံးပြုမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်ဆိုရင် EV ကားတွေကို အားသွင်းပါက အချိန်အားဖြင့် တော်တော်လေး ကြာပါတယ်။ အခုတိုကျို မြို့မှာတည်ဆောက်သွားမယ့် ဘက်ထရီ လဲလှယ်ရေး စခန်းမှာတော့  ဘက်ထရီ လဲလှယ်ချိန်က ၅ မိနစ်သာကြာမြင့်မှာဖြစ်ပါတယ်။   

နည်းပညာသတင်း

MWD Web Portal