ရေမြှုပ်မိုင်းများကို ရှင်းမယ့် ရဟတ်ယာဉ်မှ ပစ်နိုင်တဲ့ ဒုံးကျည်များ
အမေရိကန်ရေတပ်က သူတို့ရဲ့ရေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်စေဖို့ BAE Systems ကုမ္ပဏီကို ဒေါ်လာ ၁၀ သန်းခွဲတန်ဖိုးရှိတဲ့ ကန်ထရိုက်တစ်ခု ပေးလိုက်ပါတယ်။ အဲဒီ ကန်ထရိုက်က ဝေဟင်မှနေပြီးမိုင်းများကို ရှင်းလင်းမယ့်စနစ်ကိုဖန်တီးဖို့ပါ။ အဲဒီစနစ်ကိုတော့ Archerfish လို့အမည်ပေးထားပါတယ်။
ဒီစနစ်က ဗြိတိန်တော်ဝင်ရေတပ်မှာ အသုံးပြုဖို့ BAE Systems ကဖန်တီးပေးထားတဲ့စနစ်ဖြစ်ပြီး အခုစနစ်မှာတော့ မူလကထက် အမြန်နှုန်းနဲ့တိကျမှုနှုန်း ၄ ဆကျော်ပိုမြင့်တဲ့ ရေမြှုပ်မိုင်းဖျက်ဆီးရေး ဒုံးကျည်များ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်များကို ရဟတ်ယာဉ်ပေါ်မှာ တင်ဆောင်ကာ ပစ်ခတ်နိုင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
နည်းပညာသတင်း
MWD Web Portal
MM-News-Category