ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

News Image

  • ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

လက်ရှိ ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် Covid-19 XEC မျိုးကွဲအသစ်၏ ကူးစက်မှုနှုန်းသည် ပုံမှန်တုပ်ကွေးထက် ၇ ဆ ပိုမိုမြန်ဆန်သည်ဟုချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်တစ်ဦးကပြောဆိုထားပြီး ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထား ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါသည်။ 

အဆိုပါ Covid-19 အမျိုးအစားသစ်သည် ထူးထူးခြားခြား မပြင်းထန်သော်လည်း ကူးစက်မှုနှုန်း အလွန်လျင်မြန်ခြင်းကြောင့် ပြည်သူများအတွက် အန္တရာယ်များမည်ကို စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက ပြောကြားထားကြောင်း သတင်းကဆိုပါသည်။

အဆိုပါ ကူးစက်မှုနှုန်းမြန်သည့် Covid-19 XEC မျိုးကွဲသစ်ကြောင့် သေဆုံးမှုနှုန်း နည်းပါးသည်ဆိုသော်လည်း ကြိုတင်ကာကွယ်ရေးအစီအမံများ လုပ်ဆောင်ထားရန် အရေးကြီးကြောင်း ကျန်းမာရေး အာဏာပိုင်များက အလေးပေးပြောကြားထားသည်ဟု သိရပါသည်။

ကိုးကား- MHT