ကမ္ဘာ့ပညာရေးအဆင့်အတန်း ကျဆင်းလာသည့်အတွက် ဖင်လန်ကျောင်းသားများ မိုဘိုင်းဖုန်း အသုံးပြုခွင့်မရှိတော့

News Image

  • ကမ္ဘာ့ပညာရေးအဆင့်အတန်း ကျဆင်းလာသည့်အတွက် ဖင်လန်ကျောင်းသားများ မိုဘိုင်းဖုန်း အသုံးပြုခွင့်မရှိတော့

ကမ္ဘာ့ပညာရေး အဆင့်အတန်းမြင့်မားသော ဖင်လန်နိုင်ငံရှိ စာသင်ကျောင်းများ သည် ယခုအခါ ကမ္ဘာ့အဆင့်ကျဆင်းလာသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံး ပြုခွင့်မရှိတော့ကြောင်း သိရသည်။

ဖင်လန်နိုင်ငံအစိုးရသည် ပြင်ဆင်ထား သည့် အခြေခံပညာရေးဥပဒေကို ဧပြီလ တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁ ရက်တွင်  စတင်အသက်ဝင်လာပြီဖြစ် သည်။ ထိုဥပဒေတွင် အသက်ခုနစ်နှစ်မှ ၁၆ နှစ်အထိကျောင်းသားများ အနေဖြင့် အတန်းတက်နေစဉ် အချိန်အတွင်း မိုဘိုင်း ဖုန်း အသုံးပြုမှုကို တားမြစ်ထားသည်။

ထို့ပြင် စာသင်ခန်းများတွင် မိုဘိုင်းဖုန်းများ၊ အခြားမိုဘိုင်းကိရိယာများကို သင်ယူ ရေးအတွက် အသုံးပြုလိုပါက တာဝန်ကျ ဆရာ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အမျိုးသားပညာ ရေးဌာနသည် ကျောင်းသားများ ဖုန်းသုံးစွဲမှုကို ဥပဒေတွင်ဖော်ပြထားမှုထက် ထမင်းစားချိန်၊ ခေတ္တနားချိန်တို့တွင်လည်း ဖုန်းကိုအသုံးပြုခွင့် မပေးရေး အစရှိသည်ဖြင့် စည်းမျဉ်းများကိုပိုမို တင်းကျပ်စွာ ချမှတ်ရန် တောင်းဆိုထားကြောင်း သိရသည်။

MWD Web Portal