ကြက်ငှက်တုပ်ကွေးရောဂါက ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ ရုရှားထိပ်တန်း သုတေသန ပညာရှင် သတိပေး
H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကြောင်များတွင်ပါ ကူးစက်ပျံ့နှံ့လာလျက်ရှိပြီး ထိုမှတစ်ဆင့် လူသားများသို့ ရောဂါပိုးကူးစက်ပျံ့နှံ့လာ ကြောင်း၊ အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကမ္ဘာ့ကပ်ရောဂါအဖြစ်သို့ ပင်ရောက်ရှိလာနိုင်ကြောင်း ရုရှားနိုင်ငံ၏ ထိပ်တန်းသုတေသနဌာနဖြစ်သည့် ဂါမယ် လီယာသုတေသနဌာနမှူး အလက်ဇန်းဒါး ဂျင့်စဘာ့က သတိပေးထားသည်။
ထို့ကြောင့် တိရစ္ဆာန်များအချင်းချင်း သာမက လူသားများ အချင်းချင်းကြားမှာပါကူးစက်ပျံ့နှံ့လာနိုင်သည့် ထိုရောဂါပိုး ကိုကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးကို အဆင့်တစ်နှင့်အဆင့်နှစ် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ကမ္ဘာ့ပထမဆုံးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik V ကို မှတ်ပုံတင်နိုင်ခဲ့သည့် အဆိုပါသုတေသနဌာနက ထုတ်ပြန်ထားသည်။
H5N1 ရောဂါပိုး၏မျိုးရိုးဗီဇပြောင်း ရောဂါပိုးက လေထဲမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်စေကြောင်း၊ ထိုသို့ကူးစက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် ရေကျောက်ရောဂါဖြစ်ပွားမှု ထက်ပိုမိုပြင်းထန်နိုင်ကြောင်း သုတေသနပညာရှင် ဂျင့်စဘာ့ကပြောသည်။
မေလအစောပိုင်းတွင် မာရီလန်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒေသတွင်းရှိကြောင်များတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုပမာဏမြင့်တက် လာနေကြောင်း၊ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကြောင်အကောင် ၆၀၀ တွင် ထိုရောဂါ ဖြစ်ပွားနေကြောင်းနှင့် သေဆုံးနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်ဟု ပြောထားသည်။ ကြောင်များသည် ရောဂါပိုးကူးစက်ခံထားရသော ကြက်ငှက်များ၊ မွေးမြူရေး ကြက်ဘဲအစိမ်းများ၊ ရောဂါကူးစက်ခံရသော ကျွဲ၊ နွားများ၏ နို့အစိမ်းများကို စားသောက်ခြင်းတို့ကြောင့် ရောဂါကူးစက်ခြင်းဖြစ်သည်။
Source: Myawady Web Portal