ရိုးစင်းသည့် ဓာတ်စာပုံစံ နှစ်မျိုးက စိတ်ရောဂါလက္ခဏာများကို လျှော့ချနိုင်

News Image

  • ရိုးစင်းသည့် ဓာတ်စာပုံစံ နှစ်မျိုးက စိတ်ရောဂါလက္ခဏာများကို လျှော့ချနိုင်

ကင်ဘာရာ   မေ ၂၂

ရိုးစင်းသည့် ဓာတ်စာပုံစံနှစ်မျိုးသည် စိတ်ကျန်းမာရေးပြဿနာများ၏ ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း မေ ၂၁ ရက် သတင်းများအရ သိရသည်။

ဩစတြေးလျနိုင်ငံ ကွင်းစတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် စိတ်ကျရောဂါနှင့် စိုးရိမ်သောကဝေဒနာလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အလားတူ အဆီဓာတ်ပါဝင်မှုလျှော့ချထားသည့် ဓာတ်စာပုံစံများသည်လည်း စိတ်ကျန်းမာရေးပြဿနာ လက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များက ပြောကြားသည်။

အဆီဓာတ်ပါဝင်မှု လျှော့ချထားသည့် အစားအစာများ၏ အထက်ပါအကျိုးကျေးဇူးကို အဝလွန်နေသူ၊ အင်ဆူလင်ဟောမုန်းတုံ့ပြန်နိုင်စွမ်း ကျဆင်းနေသူများ၌ ပို၍ ထင်ထင်ရှားရှား တွေ့ရကြောင်း သိရသည်။

ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် ကယ်လိုရီပါဝင်မှုကို ၁၅၀၀ ခန့်ထိသာ ကန့်သတ်ထားသော အစားအစာများဖြစ်ပြီး အဆီဓာတ်ကန့်သတ်ထားသော ဓာတ်စာများမှာ စွမ်းအင်၏ ၃၀ ရာခိုင်နှုန်းကိုသာ အဆီဓာတ်မှ ရယူနိုင်သော ဓာတ်စာမျိုးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ