တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား လှည့်လည် ကြည့်ရှုအားပေး

News Image

  • တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား လှည့်လည် ကြည့်ရှုအားပေး

တံတားဦး ၊ မေ - ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက် မပြတ် ပညာသင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား/ သူများကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက် ၊ နံနက်ပိုင်းက စတင်ကာဆောင်ရွက်ကြောင်းသိရသည် ။

အဆိုပါကျောင်းအပ်လက်ခံခြင်းကို တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် KG တန်းမှ Grade -12 တန်းအထိနှင့် တံတားဦး မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/သူများ ကျောင်းအပ်နှံရေးကို ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည့်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ KG တန်း ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ (၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံစီကိုလည်းကောင်း၊ Grade -1 မှGrade -5 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၆)အုပ်နှင့် ခဲတံ (၄)ချောင်းစီကိုလည်းကောင်း၊ Grade -6 မှGrade -12 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူ တစ်ဦးလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၁)ဒါဇင် ၊  ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ ကို လည်းကောာင်း နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ထုတ်ပေးပါကြောင်း သိရသည် ။

အခြေခံပညာကျောင်းများအား ၂၀၂၅ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား/သူများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ကြသည် ။

ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် စာသင်ခန်းများ သန့်ရှင်း သပ်ရပ်မှု၊ စာသင်ခုံများ ညီညာပြီး စနစ်တကျသန့်ရှင်းမှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် ( ပြန် / ဆက်)