ဆီးရီးယားနှင့် အစ္စရေးတို့က လုံခြုံရေးနှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်

News Image

  • ဆီးရီးယားနှင့် အစ္စရေးတို့က လုံခြုံရေးနှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်

ဆီးရီးယားနှင့် အစ္စရေးအစိုးရတို့က နှစ်နိုင်ငံကြားရှိ လုံခြုံရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားမှုများကို ကာကွယ်ရေးနှင့် တင်းမာမှုများ လျော့ကျစေ ရေးတို့အတွက် မျက်နှာချင်းဆိုင်တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍သိရှိသူ များကပြောထားသည်။

ထိုကဲ့သို့ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်လာခြင်းသည် ဆယ်စုနှစ်များစွာအတွင်း အရှေ့အလယ်ပိုင်း ဒေသ၌ဖြစ်ပွားနေသော   ပဋိပက္ခနိုင်ငံများကြား ဆက်ဆံရေး တိုးတက်လာမှုကို ဖော်ညွှန်းပြသနေသည်။

လက်ရှိ အမေရိကန်သမ္မတ၏ အစိုးရကလည်း အစ္စရေးနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရကို ထောက်ခံအားပေးကာ ဆီးရီးယားအပေါ် ဗုံးကြဲမှုများ လျှော့ချလုပ်ဆောင်လာနေသည့်  အစ္စရေးအစိုးရ၏ လုပ်ဆောင်ချက်ကိုလည်း ထောက်ခံထားသည်။

ယခုတိုက်ရိုက်ဆွေးနွေးမှုတွင် ဆီးရီးယားဘက်မှ အဆင့်မြင့်လုံခြုံရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကူနီထရာပြည်နယ် အုပ်ချုပ်ရေးမှူး အာမတ်အယ်ဒါလာတီ ဦးဆောင်လျက်ရှိသော်လည်း အစ္စရေးဘက်မှ  မည်သူက ဦးဆောင်နေသည်ကို သတင်းအရင်းအမြစ်များက  ပြောထားခြင်းမရှိပေ။

အထူးသဖြင့် ဆီးရီးယားနှင့် အစ္စရေးတို့သည် ဂိုလန်ကုန်းမြင့်ဒေသ အရေးနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပွားနေခြင်း ဖြစ်သည်။ အဆိုပါ ဂိုလန်ကုန်းမြင့်ဒေသ ကိုအစ္စရေးဘက်က သိမ်းပိုက်ထားခြင်း ဖြစ်သည့်အပြင် ဆီးရီးယားအပေါ်ဗုံးကြဲ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်ကမှ ထိုတိုက်ခိုက်မှုများကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။    

Source: Myawady Web Portal