မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

News Image

  • မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

02 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအုန်းကြိုင်သည် ရေချိုတွင်းကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်း၊ ဦးနိုင်ဇော်၊ ဦးသောင်းမြင့်၊ ဦးဝင်းဌေး၊ ဦးဝင်းသိန်း၊ ဦးနေစန်း၊ ဦးထွန်းအောင်၊ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်ချိုချို၊ ဒေါ်တင်နွဲ့တို့နှင့်အတူ ဦးအောင်လွင် မောင်းနှင်သော 8B/XXXX LIGHT TRUCK မော်တော်ယာဉ်ဖြင့် စကုမြို့မှ ရေချိုတွင်းကျေးရွာဘက်သို့ စကု-ဆင်ခေါင်းကားလမ်းအတိုင်း ထွက်ခွာလာစဉ် တောင်မန်းကျေးရွာနှင့် ဆင်ခေါင်းကျေးရွာကြားရှိ ဒေသအခေါ် ရေကျော်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်းကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဦးအုန်းကြိုင်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကိုင်းတောကြီးကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA