ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများကြား ကင်ဆာဖြစ်ပွားမှု မြင့်တက်လာနိုင်
ကိုင်ရို ဇွန် ၁
ရာသီဥတုပြောင်းလဲမှုပြဿနာနှင့်အတ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများ၌ ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၃၁ ရက်တွင် ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသတို့၌ အပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများ၌ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာများအဖြစ်များလာနိုင်ကြောင်း အီဂျစ်နိုင်ငံ အမေရိကန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
အီဂျစ် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အပူချိန် တစ်ဒီဂရီဆဲလ်စီးယပ်စ် တိုးလာတိုင်း အမျိုးသမီးများကြား ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလည်း တိုးလာကြောင်း သိရသည်။
အပူချိန်မြင့်တက်လာသည်နှင့်အမျှ ကင်ဆာလူနာအမျိုးသမီးများကြား အထူးသဖြင့် မျိုးဥအိမ်ကင်ဆာရောဂါနှင့် ရင်သားကင်ဆာလူနာများ သေဆုံးမှုနှုန်းလည်း တိုးလာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ အပူချိန် တစ်ဒီဂရီဆဲလ်စီးယပ်စ် တိုးလာတိုင်း အမျိုးသမီးများကြား ကင်ဆာ ဖြစ်ပွားနှုန်းမှာလည်း ၁၇၃ မှုထပ်တိုးလာပြီး လူ ၁၀၀၀၀၀ လျှင် ကင်ဆာဖြစ်ပွားမှု ၂၈၀ ထိ မြင့်တက်လာကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ