အင်ဒိုနီးရှားက ကိုဗစ်-၁၉ ရောဂါအတွက် သတိပေးချက်ထုတ်ပြန်
အာရှဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုပြန်လည်မြင့်တက်လာနေစဉ် အင်ဒိုနီး ရှားအစိုးရက အဆိုပါရောဂါအတွက်သတိပေးချက်ထုတ်ပြန်လိုက်သည်။
ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဟောင်ကောင်တို့အပါအဝင် ဒေသတွင်း၌ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာကြောင်း၊ ထိုင်းနိုင်ငံတွင် XEC နှင့် JN1 မျိုးကွဲ၊ စင်ကာပူတွင် LF.7 နှင့် NB.1.8 မျိုးကွဲ၊ ဟောင်ကောင်တွင် JN.J မျိုးကွဲနှင့် မလေးရှားတွင် XEC မျိုးကွဲတို့ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၏ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
ရောဂါပိုးကူးစက်ပျံ့နှံ့မှုများမြကူးစက်င့်တက် လာနေသော်လည်း သေဆုံးနှုန်းမှာအလွန် နည်းပါးကြောင်း၊ သို့သော် ကျန်းမာရေး ဌာနများသည် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုများကို ကောင်းစွာထိန်းချုပ်နိုင်ရန် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်သူ များအနေဖြင့် လူထူထပ်သောနေရာများ တွင်နှာခေါင်းစည်းတပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Ref: SCMP
MWD Newspaper
Photo -WHO