တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် လီဂျေးမြောင်က မဲအများစုကို ရရှိထား

News Image

  • တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် လီဂျေးမြောင်က မဲအများစုကို ရရှိထား

တောင်ကိုရီးယားနိုင်ငံ၌  ၂၁  ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပရာ လက်ရှိမဲရေတွက်မှုအရ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်   လီဂျေးမြောင်က မဲအများစုကိုရရှိပြီး အနိုင်ရရှိရန် တစ်ပြေး နေကြောင်း သိရသည်။

လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ မဲအရေအတွက် ၅၇ ရာခိုင်နှုန်း နီးပါးကိုရေ တွက်ပြီးချိန်တွင် လီဂျေးမြောင်ကို ထောက်ခံမဲသည် ၄၉ ရာခိုင်နှုန်းခန့် ရှိနေကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် မဲပေးပြီးနောက်ထွက်လာသည့် ပြည်သူများကိုမေးမြန်းမှုများအရ သမ္မတ ဖြစ်လာနိုင်သူမှာ လီဂျေးမြောင်ဖြစ်သည်ဟု သတင်းဌာနများက ကောက်ယူထားသည့် စစ်တမ်းများတွင် ဖော်ပြထားသည်။

လီဂျေးမြောင်၏ အဓိကပြိုင်ဘက်ဖြစ်သည့် ပြည်သူ့အင်အားပါတီမှ ကင်မွန်ဆူး က ထောက်ခံမဲ ၄၃ ရာခိုင်နှုန်းနီးပါး ရရှိထားကြောင်း သိရသည်။

Source: MWD Web Portal