အာကာသအတွင်းသို့ သွားရောက်ခဲ့သည့် ပထမဆုံးသောကနေဒါနိုင်ငံသားကွယ်လွန်
ကနေဒါနိုင်ငံသားများအနက် အာကာသအတွင်းသို့ ပထမဆုံး သွားရောက်ခဲ့သည့် မာ့ခ်ဂါနူးသည် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
ဂါနူးသည် ၁၉၈၄ ခုနှစ်တွင် နာဆာမှစီစဉ်သည့် အာကာသ မစ်ရှင်တွင်ပါဝင်ခဲ့ပြီးနောက်ကနေဒါနိုင်ငံသားများအနက်အာကာသသို့ ပထမဆုံးသွားရောက်ခဲ့သူဖြစ်လာသည်။ ၎င်းသည် ဇွန်လ ၄ ရက်တွင် မိသားစုဝင်များနှင့်အတူရှိနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။
ဂါနူးသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကနေဒါအာကာသ အေဂျင်စီ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေတ္တထမ်းဆောင်ခဲ့သူဖြစ် ကြောင်းသိရသည်။
Ref: Ivz
MWD Web Portal
Photo - The New York Times
MM-News-Category