ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် စင်ကာပူနိုင်ငံကူးလက်မှတ် ရပ်တည်
လန်ဒန် ဇူလိုင် ၂၄
ဗြိတိန်အခြေစိုက် ဟင်နလေ နိုင်ငံကူးလက်မှတ်အညွှန်းကိန်း အစီရင်ခံစာအရ စင်ကာပူနိုင်ငံကူး လက်မှတ်သည် ယခုနှစ်တွင်လည်း ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူး လက်မှတ်အဖြစ် ရပ်တည်နေ ကြောင်း ဇူလိုင် ၂၃ ရက် သတင်း များတွင် ရေးသားဖော်ပြထားသည်။
စင်ကာပူနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ဗီဇာမဲ့ သွားရောက်ခွင့်ရှိကြောင်း ဟင်နလေ နိုင်ငံကူးလက်မှတ် အညွှန်းကိန်းအစီရင်ခံစာ (၂၀၂၅) တွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံကူး လက်မှတ်သည် ၂၀၂၄ ခုနှစ်ကလည်း ဂျပန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ပြင်သစ် နိုင်ငံကူး လက်မှတ်များနှင့်အတူ ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပူးတွဲရပ်တည်နိုင် ခဲ့သည်။
ယခုနှစ်၏ကမ္ဘာ့ဒုတိယဩဇာ အကြီးဆုံး နိုင်ငံကူးလက်မှတ် များမှာ ဂျပန်နိုင်ငံကူးလက်မှတ် နှင့် တောင်ကိုရီးယားနိုင်ငံကူး လက်မှတ်များ ဖြစ်ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်မှာမူ ကမ္ဘာ့ဩဇာအကြီး ဆုံးနိုင်ငံကူးလက်မှတ်များ အညွှန်း ကိန်းတွင် အဆင့် ၁၀ သို့ ကျဆင်း ခဲ့ရသည်။
ကမ္ဘာ့ဩဇာအရှိန်အဝါအနည်း ဆုံးနိုင်ငံကူးလက်မှတ်မှာ အာဖဂန် နစ္စတန်နိုင်ငံကူးလက်မှတ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံသို့သာ ဗီဇာမဲ့ သွားရောက်ခွင့် ရှိကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
Photo - Scandasia