အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေး ကာကွယ်ရေးတပ် (Revolutionary Guard) ၏ စစ်ဘက်ခေါင်းဆောင် အချို့သေဆုံး
အီရန် အစ္စလာမ္မစ် တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန်စာလာမီ သည် သောကြာနေ့ (ဇွန် ၁၃) က အစ္စရေး၏ လေတိုက်ခိုက်မှုတွင် ကျဆုံးသွားကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြသည်။
အစ္စရေးလေတပ်သည် အီရန်၏ နျူကလီးယားနှင့် စစ်ရေးအချက်အချာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ၎င်းတွင် နတန်ဇ်မြို့ရှိ ယူရေနီယံသန့်စင်ရေးစက်ရုံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အဆိုပါ လုပ်ဆောင်ချက်သည် အီရန်အား နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ပရက်စ်အိုင်ဗီ ၏ ကိုးကားချက်အရ အခြားသေဆုံးသူများတွင် အီရန် စစ်တပ် ဗိုလ်ချုပ် ဂိုလမ်အလီရာရှစ်၊ နျူကလီးယားသိပ္ပံပညာရှင်များ မိုဟာမက်မဟ်ဒီ တေဟ်ရန်ချီ နှင့် ဖရေးဒွန်အဘာစီတို့လည်း ပါဝင်နေသည်။
အီရန်အစိုးရသည် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပတ်သက်၍ မှတ်ချက်မပြုသေးသော်လည်း ဒေသခံမီဒီယာများကတီဟီရန်ရှိ အချို့နေရာများကို တိုက်ခိုက်စဉ် အရပ်သားများ သေဆုံး ခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂