အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်း ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်ကြေညာသည့် ဥပဒေပြဋ္ဌာန်း

News Image

  • အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်း ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်ကြေညာသည့် ဥပဒေပြဋ္ဌာန်း

ဂျကာတာ နိုဝင်ဘာ ၁၉

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ် ကြေညာသည့် ဥပဒေကို ပါလီမန်က နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မိမိတို့သည် နိုင်ငံ၏ မြို့တော်သစ်အား နျူဆန်တာရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း ပါလီမန်ဒုတိယဥက္ကဋ္ဌ အေဒီးကာဒါက ပြောကြား သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ မြို့တော်သစ်အား လက်ရှိ ဂျကတာမြို့မှ အရှေ့ကာလီမန်တန် ပြည်နယ်ရှိ နျူဆန်တာရာမြို့သို့ ပြောင်း‌ရွှေ့သတ်မှတ်ခဲ့သည်။

မြို့တော်သစ် နျူဆန်တာရာအား လက်ရှိအချိန်တွင် တည်ဆောက်နေဆဲဖြစ်ကာ နိုင်ငံ့ဝန်ထမ်းများ ပြောင်းရွှေ့မှုကို ၂၀၂၅ ခုနှစ်အစပိုင်းတွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

ယခုကဲ့သို့ နျူဆန်တာရာအား မြို့တော်သစ်အဖြစ် သတ်မှတ်ပြောင်းရွှေ့ရခြင်းမှာ ဂျကာတာမြို့၏ လူနေထူထပ်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့်ဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတဟောင်း ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။ ဂျကတာမြို့အား အထူးဒေသအဖြစ် သတ်မှတ်ခဲ့သော်လည်း ၎င်းသည် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ ဆက်လက်ပါဝင်ဆောင်ရွက်နေမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟာမက် တီကိုကာနာဗီယန်က ပြောကြားသည်။

ကိုးကား- ဆင်ဟွာ

Source- ကြေးမုံသတင်းစာ