အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် Space X မှ အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုအားပေး
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် လူမှုမီဒီယာ အိက်စ်တည်ထောင်သူ အီလွန်မတ်စ်၏ SpaceX မှ တီထွင်ထားသည့် ဧရာမ အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှုကို ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
SpaceX အာကာသနည်းပညာကုမ္ပဏီသည် အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ Starship ဒုံးပျံကို နိုဝင်ဘာ ၁၉ ရက်တွင် လွှတ်တင်ခဲ့သည်။
ထရမ့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် အီလွန်မတ်စ်သည် ငွေကြေးအမြောက်အမြား ကုန်ကျခံကာ ကြိုးပမ်းခဲ့သည်။ ထရမ့်ကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် အီလွန်မတ်စ်အား အစိုးရအသုံးစရိတ်များကို လျှော့ချရန် စဉ်းစားသုံးသပ်သည့် အဖွဲ့အစည်းသစ်၏ ပူးတွဲခေါင်းဆောင်အဖြစ် ခန့်အပ်ရန် စာရင်းသွင်းထားကြောင်း သိရသည်။
အီလွန်မတ်စ်၏ SpaceX မှ တီထွင်ထားသည့် ဧရာမ အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှုကို ဒေါ်နယ်ထရမ့်လာရောက်ကြည့်ရှုခြင်းသည် ၎င်းတို့နှစ်ဦးအကြား နီးကပ်သည့်ဆက်ဆံရေးနှင့် ထရမ့်၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် အီလွန်မတ်စ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း အမေရိကန် မီဒီယာများက သတင်းဖော်ပြသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
Source- မြန်မာ့အလင်းသတင်းစာ