ထရမ့်က အမေရိကန်တွင် အားလပ်ရက် များပြားလွန်းသည်ဟု ပြောဆို

News Image

  • ထရမ့်က အမေရိကန်တွင် အားလပ်ရက် များပြားလွန်းသည်ဟု ပြောဆို

အမေရိကန်နိုင်ငံတွင် လူမည်းလူမျိုးများ လွတ်မြောက်ရေး နှစ်ပတ်လည်နေ့ အခါသမယတွင် သမ္မတထရမ့်က “အားလပ်ရက် များလွန်းခြင်းကြောင့် ဒေါ်လာဘီလီယံချီဆုံးရှုံးနေသည်” ဟု သတိပေးချက်ပြုလုပ်ခဲ့သည်။

“အမေရိကန်မှာ အလုပ်မလုပ်ရသည့် အားလပ်ရက်တွေ အရမ်းများနေပြီ ၊ အရာရာပိတ်ထားတော့ နိုင်ငံအတွက် ဒေါ်လာဘီလီယံချီ ကုန်ကျ နေသည်၊ အလုပ်သမားတွေလည်း မပျော်ကြပါ” ဟု သမ္မတ ဒေါ်နယ် ထရမ့်က ဇွန် ၁၉ ရက်တွင် Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“မကြာခင် နေ့တိုင်းဟာ အားလပ်ရက်ဖြစ်သွားမည်။ America ကို ပြန် ကြီးကျယ်အောင် လုပ်ချင်ရင် ပြောင်းရမည်” ဟု ထရမ့်က ရေးသားခဲ့သည်။

ဖက်ဒရယ်အားလပ်ရက်များတွင် အမေရိကန်အစိုးရဝန်ထမ်းများသည် လစာပါ အားလပ်ခွင့် ရရှိလေ့ရှိသည်။

အဆိုပါသတင်းစကားကို Juneteenth (ဇွန် ၁၉) နေ့နှင့်တိုက်ဆိုင်စွာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၁ ခုနှစ်တွင် ဖက်ဒရယ်အားလပ်ရက်အဖြစ် အသိအမှတ်ပြုခဲ့သော အမေရိကန်ရှိ လူမည်းများ လွတ်မြောက်ရေးကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။

၁၈၆၅ ခုနှစ် ဇွန် ၁၉ ရက်နေ့တွင် သမ္မတ အေဗရာဟမ်လင်ကွန်း၏ လွတ်မြောက်ရေးကြေညာစာတမ်းကို လက်မှတ်ရေးထိုးပြီးနောက် နှစ် နှစ်ကျော်အကြာ၊ ဖက်ဒရယ်တပ်များက တက္ကဆက်ပြည်နယ်၊ ဂယ်လ် ဗက်စတန်မြို့သို့ ကျွန်စနစ်အဆုံးသတ်ပြီး အာဖရိကန်-အမေရိကန်များ လွတ်မြောက်ကြောင်း သတင်းကို ယူဆောင်လာခဲ့သည့်နေ့ဖြစ်သည်။ သမ္မတသက်တမ်း ပထမလေးနှစ်အတွင်း Juneteenth သည် ဖက်ဒရယ် အားလပ်ရက်မဖြစ်သေးသော်လည်း ထရမ့်သည် အဆက်မပြတ် ဂုဏ်ပြု ခဲ့သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂