Adani Group အကြီးအကဲ အိန္ဒိယလုပ်ငန်းရှင်ကြီး Gautam Adaniကို လာဘ်ပေးလာဘ်ယူမှုနှင့် လိမ်လည်မှုကြောင့် အမေရိကန်နိုင်ငံက တရားစွဲ
အိန္ဒိယနိုင်ငံ Adani Group အကြီးအကဲ Gautam Adani အပါအဝင် အခြားပုဂ္ဂိုလ်၇ဦးကို ဒေါ်လာ ဘီလီယံပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အစိုးရကစွဲချက်တင်၍ တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနနှင့် Bloomberg သတင်းဌာနတို့အပါအဝင် အခြားသတင်းဌာနများက နိုဝင်ဘာလ ၂၁ ရက် တွင် ဖော်ပြလိုက်ကြသည်။
Adani အဖွဲ့အစည်းသည် ဆိုလာစွမ်းအင်စာချုပ်များရရှိစေရန် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့သဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ကြေညာလိုက်သည်။
အိန္ဒိယဘီလျံနာသူဌေးကြီး Adani သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဒေါ်နယ်ထရန့်၏ သမ္မတရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် အမေရိကန်တွင် ဒေါ်လာသန်းပေါင်းများစွာတန်သည့် ရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့ပြီး ဒေါ်နယ်ထရန့်ကလည်း အမေရိကန်တွင် စွမ်းအင်ကုမ္ပဏီများအတွက် ရိုးရှင်းသည့် စည်းမျဉ်းများချမှတ်ရန်နှင့် ပိုက်လိုင်းများ တူးဖော်ဖောက်လုပ်မှုလွယ်ကူစေရေးဆောင်ရွက်ပေးရန် ကတိပြုပြောကြားခဲ့ကြောင်း The Economic Times ဖော်ပြထားပါသည်။
ကိုးကား - The Economic Times