ထရန့်၏တကျော့ပြန်ရွေးကောက်ပွဲအပြီး ကမ္ဘာ့အချမ်း သာဆုံးပုဂ္ဂိုလ် (၁၀)ဉီး ပိုမိုချမ်းသာလာ
ပြီးခဲသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး၏ ကြွယ်ဝမှုဓနအင်အား ခုန်ပျံမြင့်တက်သွားကြောင်း၊ အကျိုးအမြတ်အများဆုံး ရရှိသူသည် လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပြီး ရွေးကောက်ပွဲတစ်လျှောက် ဒေါ်နယ်ထရန့်ဘက် မှရပ်တည်ပြောကြားသူ Elon Musk ဖြစ်ကြောင်း၊ ယခင် ၂၇၀ ဘီလီယံမှ နိုဝင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဒေါ်လာ ၂၆.၅ ဘီလီယံ ထပ်မံမြင့်တက်သွားသဖြင့် ယခု ၎င်း၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၂၉၀ ဘီလီယံ ဖြစ်သွား ပါကြောင်း၊ အမေဇုန်တည်ထောင်သူ Jeff Bezo ၏ ဓနအင်အားသည် ၇.၁ ဘီလီယံ ထပ်မံမြင့် တက်သွား ပါကြောင်း၊ ထရန့်ကို အစဉ်တစိုက်ထောက်ခံသူ Oracle ပူးတွဲတည်ထောင်သူ Larry Ellison၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ၅.၅ ဘီလီယံ ထပ်မံ မြင့်တက်သွားကြောင်း၊
ထို့ပြင် Bill Gates အပါအဝင် အခြားဘီလျံနာများ၏ ဓနအင်အားများလည်း မြင့်တက်သွားပြီး ရွေးကောက်ပွဲ အပြီး အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး၏ အကျိုးအမြတ် ရရှိလိုက်သည့် စုစုပေါင်းဓနအင်အားသည် ဒေါ်လာ ၆၄ ဘီလီယံဖြစ်သည်ဟုBloomberg Billionaire ညွှန်ကိန်း များအရ သိရပါကြောင်း၊ ၎င်းတို့၏ ဓနအင်အား ရုတ်တရက် ခုန်တက်သွားခြင်းမှာ ဒေါ်နယ်ထရန့်က ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာခေတ်သစ်တစ်ခုနှင့် အခြား စီးပွားရေးဥပဒေများ၊မူဝါဒများနှင့်ပတ်သက်၍ အခန်း ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်လင့် ကြပြီး ကမ္ဘာ့ဓနအင်အား အများစုကို လက်ဝယ် ပိုင်ဆိုင် ထားသည့် ဘီလျံနာများအပါအဝင် အမေရိကန်ရင်းနှီး မြှုပ်နှံသူများက စတော့ရှယ်ယာဈေးကွက်ပေါင်းစုံမှ အကျိုးအမြတ်များရရှိလာမည်ဟု ယုံကြည်နေကြခြင်း ကြောင့်ဖြစ်သည်ဟု CNN သတင်းဌာနက ဖော်ပြထား ပါသည်။
ကိုးကား-CNN https://www.cnn.com/2024/11/07/investing/billionaires-net-worth-trump-win/index.html