Ford က အလုပ်သမား ၄၀၀၀ လျှော့ချမည်
Ford ကားကုမ္ပဏီသည် ၂၀၂၇ ခုနှစ်အကုန်တွင် ဥရောပ နှင့်ဗြိတိန်၌ အလုပ်သမား ၄၀၀၀ လျှော့ချသွားရန် စီစဉ် လျက်ရှိကြောင်း ကြေညာလိုက်ပါသည်။ ဥရောပကား စျေးကွက် ပြင်ဆိုင်မှုများလာခြင်း၊ စီးပွားရေးရိုက်ခတ်မှု ဒဏ်ခံနေရခြင်း၊ မျှော်မှန်းထားသလို လျှပ်စစ်ကားများ မရောင်းချရခြင်း စသည့်အခက်အခဲများကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သိရှိပါသည်။ ယခုအခါ အလုပ်သမား လျှော့ချရေးကိစ္စအတွက် သက်ဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိပါသည်။
ထိုဆုံးဖြတ်ချက်အရ ဂျာမနီတွင် အလုပ်အကိုင် (၂၉၀၀) နေရာ၊ ဗြိတိန်တွင် (၃၀၀) နေရာနှင့် အခြားနိုင်ငံတို့တွင် အလုပ်အကိုင်အချို့ ဆုံးရှုံးမည်ဖြစ်ပါသည်။ ထိုဆုံးဖြတ် ချက်မှာ Volkswagen ကားကုမ္ပဏီက အလုပ်သမား ဝန်ထမ်းလစာ ၁၀ ရာခိုင်နှုန်းလျှော့ချမည်ဟု ပြောကြား ပြီးနောက် သီတင်းပတ်များအကြာတွင် ထွက်ပေါ် လာခြင်းဖြစ်ပါသည်။
ဥရောပကားလောကတွင် အနောက်နိုင်ငံထုတ်ကားများ ရောင်းလိုအားကျဆင်းလာခြင်းမှာ တန်ဖိုးမျှပြီး လောင် စာဆီ မလိုအပ်သော အဆင့်မြင့် တရုတ်နိုင်ငံထုတ် EV ကားများနေရာယူလာခြင်းသည်လည်း အဓိကအချက် တချက်ဖြစ်နေသည်။ ဥရောပသည် ၂၀၃၅ ခုနှစ်အရောက် တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှု သုညဖြစ်သည် အထိ တစ်နှစ်ထက်တစ်နှစ် အတက်နိုင်ဆုံး လျှော့ချ နေကြပါသည်။
ကိုးကား - AP