ရုရှားနိုင်ငံ၌ တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့် တယ်လီဂရမ်အား ဒဏ်ရိုက်

News Image

မော်စကို နိုဝင်ဘာ ၂၆

လူမှုမီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ်သည် ရုရှားနိုင်ငံတွင် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့်အတွက် ရုရှားတရားရုံးတစ်ရုံးက တယ်လီဂရမ်အား ဒဏ်ငွေ ရူဘယ် ခုနစ်သန်းဒဏ်ရိုက်ခဲ့ကြောင်း အဆိုပါ တရားရုံးသတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

တားမြစ်ရန်ပျက်ကွက်

ရုရှားနိုင်ငံ၏ ဥပဒေအရ တားမြစ်ရန်လိုအပ်သည့် သတင်းအချက်အလက်များကို တားမြစ်ရန် ပျက်ကွက်သည့်အတွက် လူမှုမီဒီယာဖြစ်သည့် တယ်လီဂရမ်တွင် အပြစ်ရှိကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်သတင်းများ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားခြင်းမရှိချေ။ ပြီးခဲ့သည့် လအတွင်းကလည်း တယ်လီဂရမ်အား အလားတူအမှုဖြင့် ဒဏ်ငွေ ရူဘယ် ‌လေးသန်း ဒဏ်ရိုက်ခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိအချိန်တွင် တယ်လီဂရမ် သုံးစွဲသူ သန်း ၉၀၀ နီးပါးရှိသည်။

ကိုးကား- ဆင်ဟွာ

Source- မြန်မာ့အလင်းသတင်းစာ