လာအိုနိုင်ငံတွင် အဆိပ်သင့်ခဲ့သည် ဟု ယူဆရသော နယူးဇီလန်နိုင်ငံသားခရီးသွား မိမိနေရပ်သို့ ပြန်လည် ရောက်ရှိ
လာအိုနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် ရောက်ရှိစဉ် မက်သနောဓာတ်ငွေ့ရည် ပါဝင်သည်ဟု ယူဆရသော အဖျော်ယမကာ သောက်မိရာက အဆိပ်သင့်ခဲ့သူ နယူးဇီလန်နိုင်ငံသားသည် ယခုအခါ မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အာဏာပိုင် အရာရှိများက အတည်ပြုပြောကြားလိုက်သည်။
အဆိုပါနယူးဇီလန်နိုင်ငံသား ခရီးသွားသည် မကြာသေးမီ က လာအိုနိုင်ငံတွင် မက်သနောပါဝင်သော အဖျော် ယမကာများ သောက်သုံးမိရာမှ အဆိပ်သင့်ခဲ့ကြသည့် သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ လာအိုနိုင်ငံ တွင် မက်သနောအဆိပ်သင့်၍ ဒိန်းမတ်နိုင်ငံသား ၂ ဦး၊ ဩစတေးလျနိုင်ငံသား ၂ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ သေဆုံးသွားပြီး ကမ္ဘာလှည့်ခရီးသည် အများ အပြား အဆိပ်သင့်ခဲ့ကြသည်။
အဆိုပါအဆိပ်သင့်မှုသေဆုံးမှုများနှင့်စပ်လျဉ်း၍ လာအို နိုင်ငံအာဏာပိုင်များက အကြောင်းအရင်းများကို စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။
ကိုးကား - BBC