အဆင့်မြင့်တဲ့ အလိုအလျောက်စနစ်နဲ့ ပင်လယ်ပြင် ကာကွယ်ပေးမယ့် မြန်နှုန်းမြင့် Needlefish

News Image

  • အဆင့်မြင့်တဲ့ အလိုအလျောက်စနစ်နဲ့ ပင်လယ်ပြင် ကာကွယ်ပေးမယ့် မြန်နှုန်းမြင့် Needlefish

Ocean Infinity ဆိုတဲ့ ကုမ္ပဏီက ပင်လယ်ပြင်ရှာဖွေရေးမှာ နာမည်ကြီးလှပါတယ်။ အခုအဲဒီကုမ္ပဏီက မြန်နှုန်းမြင့်လှတဲ့ အလိုအလျောက် ကင်းလှည့်ရေယာဉ်တစ်စင်းကို ထုတ်ဖော်ပြသခြင်းအားဖြင့် နယ်ပယ်အသစ်ထဲကို ဝင်ရောက်လာပါပြီ။

ကုမ္ပဏီက Needlefish ဆိုတဲ့ရေယာဉ်ကို  ထုတ်ဖော်ပြသလိုက်တာပါ။  အဲဒီရေယာဉ်စီမံကိန်းကို ကုမ္ပဏီကလျှို့ဝှက်စွာ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ မောင်းသူမဲ့ အလိုအလျောက်ရေပေါ်သွား အမြန်ယာဉ်တစ်မျိုး ဖြစ်တဲ့ Needlefish က အလျား ၄၆ ပေရှိပြီး ကူဝိတ်ကမ်းခြေစောင့်တပ်ဖွဲ့က   နှစ်စင်း မှာယူထားတာ တွေ့ရပါတယ်။

Needlefish က သူ့ချည်းသက်သက်သာ အသုံးဝင်တဲ့ ရေယာဉ်တစ်စင်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံကနေ တွေ့ကြုံလာနေရတဲ့ အန္တရာယ်တွေကနေ   ကာကွယ်နိုင်စေဖို့အတွက် ကွန်ရက်ချိတ်ဆက်မှုကနေ တစ်ဆင့်လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့ ရေယာဉ်တစ်စင်းဖြစ်ပါတယ်။

သူ့မှာ အမျိုးစုံလှစွာသော  ပင်လယ်ရေကြောင်း ကင်းထောက်အာရုံခံကိရိယာ များစွာတပ်ဆင်ထားပြီး  လူမဲ့ကင်းလှည့်ခြင်း၊ ကင်းထောက်ခြင်း၊ မြေပုံရေးဆွဲခြင်းနဲ့တိုင်းတာခြင်း လုပ်ငန်းများအပါအဝင် တာဝန်မျိုးစုံကို  ထမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

MWD Web Portal