ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံး စက်ရုပ်တပ်ဆင်မှု ကျဆင်းသော်လည်း တရုတ်နိုင်ငံ၌ တပ်ဆင်အသုံးပြုမှုမြင့်တက်

News Image

  • ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံး စက်ရုပ်တပ်ဆင်မှု ကျဆင်းသော်လည်း တရုတ်နိုင်ငံ၌ တပ်ဆင်အသုံးပြုမှုမြင့်တက်

ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံးစက်ရုပ်တပ်ဆင်မှု ကျဆင်းခဲ့ သော်လည်း တရုတ်နိုင်ငံတွင်မူ အလားတူ စက်ရုပ်တပ်ဆင် အသုံးပြုမှု မြင့်တက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံးစက်ရုပ် တပ်ဆင်မှုသည် အခု ရေ ၅၂၀၀၀၀ ဝန်းကျင်အထိကျဆင်းခြင်း ဖြစ်ကြောင်း နိုင်ငံတကာစက်ရုပ်ဆိုင်ရာ အဖွဲ့ချုပ်၏    ပဏာမအစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်းသုံးစက်ရုပ် အများဆုံးအသုံးပြုသည့် ဂျပန်နိုင်ငံက အခုရေ ၄၃၀၀၀ ဖြင့် ၇ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အခုရေ ၃၄၀၀၀ ဖြင့် ၉ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အခုရေ ၈၆၀၀၀ ဖြင့် ၆ ရာခိုင်နှုန်းစီ  တပ်ဆင်မှုကျဆင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံတွင်မူ လုပ်ငန်း သုံးစက်ရုပ်အခုရေ ၂၉၀၀၀၀ ဝန်းကျင်ကို တပ်ဆင်အသုံးပြုလာကြောင်း၊ ယင်းပမာဏသည်   တစ်ကမ္ဘာလုံး လုပ်ငန်းသုံးစက်ရုပ်တပ်ဆင်အသုံးပြုမှု စုစုပေါင်း၏      ၅၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ယခုနှစ်၏ ပထမခြောက်လတာ ကာလအတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်မှု ပမာဏသည်   ၃၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အရေအတွက်အားဖြင့် အခုရေ ၃၇၀၀၀၀ နီးပါးရှိကြောင်း အမျိုးသားစာရင်းအင်းရုံး ကထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းများ၌သာမက အခြားနယ်ပယ်များတွင်ပါ စက်ရုပ်များ အသုံးပြုမှုကို တိုးမြှင့်လာခြင်းဖြစ်သည်။ 

MWD