၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်) သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျပါလီမန် အတည်ပြု

News Image

  • ၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်) သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျပါလီမန် အတည်ပြု

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင်  နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ  ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။ 

လအတန်ကြာ ပြည်သူလူထုများအတွင်း အခြေအတင် ဆွေးနွေးမှု၊ ဝေဖန်မှုများရှိခဲ့သော ကမ္ဘာ့ပထမဆုံး Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်သည့် ဥပဒေအား ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြုလုပ် သည့်  ဩစတြေးလျနိုင်ငံ ပါလီမန်က အတည်ပြုလိုက် ခြင်းဖြစ်သည်။

ထိုဥပဒေသစ်အရ  နည်းပညာကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းရှိ ၁၆ နှစ် မပြည့်သေးသူများက လူမှု ကွန်ရက်ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း မပြုနိုင် စေရန်  သင့်လျော်သည့် အစီအမံများ ကြိုတင်ဆောင် ရွက်ထားကြရန်နှင့် လိုက်နာခြင်းမရှိပါက  ဥပဒေအရ ဩစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၂ သန်း) နီးပါး ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ 

ကိုးကား - CNN