မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါ်

News Image

  • မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။ 

ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ကိုးကား - Sputnik