ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသား ကွယ်လွန်
အသက် ၁၁၂ နှစ်အရွယ် ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံးအမျိုးသားဖြစ်သူ John Tinniswood သည် အင်္ဂလန် southport ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ တနင်္လာနေ့က ကွယ်လွန်သွားကြောင်း ဂရန်းနစ် မှတ်တမ်းက ကြေညာလိုက်ပါသည်။
၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် မွေးဖွားခဲ့သူ John Tinniswood သည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး အမျိုးသားတစ်ဦး ဖြစ်ပါသည်။
၎င်းသည် ၂၀၂၄ ဧပြီတွင် ကွယ်လွန်သွားသော ကမ္ဘာ့အသက်အကြီးဆုံး အသက် ၁၁၄ နှစ်အရွယ် ဗင်နီဇွဲလားနိုင်ငံ အမျိုးသား Juan Vicente Pérez နောက်တွင် အသက်အကြီးဆုံးအမျိုးသားအဖြစ် မှတ်တမ်း တင်ခံရသူဖြစ်ပါသည်။
“၎င်း၏ နောက်ဆုံးနေ့ရက်များသည် တေးဂီတ၊ အချစ် များဖြင့် ဝန်းရံနေကြောင်း” ၎င်း၏ မိသားစု ပြောကြားချက်ကို အဆိုပါကြေညာချက်တွင် ထုတ်ပြန် ထားသည်။
မှတ်တမ်းပေါ်ပေါက်ရာ အချိန်မှစ၍ ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံးနေထိုင်ခဲ့သူ လူသားမှာ Jeanne Louise Calment ဆိုသည့် အမျိုးသမီးဖြစ်ပြီး အသက် ၁၂၂ နှစ် ၁၆၄ ရက်ကြာ နေထိုင်ခဲ့ကြောင်း ဂရန်းနစ်မှတ်တမ်းအရ သိရပါသည်။
ကိုးကား - CNN