မလေးရှားနိုင်ငံရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လူပေါင်း ၁၃၄၅၂၄ ဦး ခိုလှုံ

News Image

  • မလေးရှားနိုင်ငံရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လူပေါင်း ၁၃၄၅၂၄ ဦး ခိုလှုံ

ကွာလာလမ်ပူ ဒီဇင်ဘာ ၂

မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ဒီဇင်ဘာ ၂ ရက်အထိ သေဆုံးသူ ခြောက်ဦးရှိလာကြောင်းနှင့် ကီလန်တန်ပြည်နယ်၌ သက်ကြီးရွယ်အိုနှစ်ဦး ရေနစ်သေဆုံးမှုသည် ‌နောက်ဆုံးသေဆုံးမှုဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ရေဘေးသင့်ပြည်သူ ၁၃၄၅၂၄ ဦးသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ ရေဘေးကယ်ဆယ်ရေးစခန်း ၆၁၃ ခု၌ ခိုလှုံလျက်ရှိကြောင်း မလေးရှားလူမှုဝန်ထမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံးခံရသည့် ပြည်နယ်များမှာ နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင်ရှိသော ကီလန်တန်နှင့် တယ်ရင်ဂါနူပြည်နယ်တို့ဖြစ်သည်ဟု ဆိုသည်။

ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် ယခုလလယ်တွင် စတင်ဖွယ်ရှိသော ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများအတွက် အစိုးရက နောက်ထပ်ရန်ပုံငွေများ ခွဲဝေချထားပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောကြားလိုက်သည်။

ဆင်ဟွာ

Source- မြန်မာ့အလင်းသတင်းစာ