၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရုရှားဖက်ဒရေးရှင်း ဘတ်ဂျက်ဥပဒေ ဗလာဒီမာပူတင် လက်မှတ်ရေးထိုးထုတ်ပြန်
ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားဖက်ဒရေးရှင်း၏ ၂၀၂၅ ခုနှစ်ဘတ်ဂျက်နှင့် ၂၀၂၆-၂၀၂၇ ခုနှစ် စီမံကိန်းကာလအတွက် ဘတ်ဂျက်တို့နှင့်စပ်လျဉ်းသည့် ဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
အဆိုပါဥပဒေအရ ရုရှားဖက်ဒရေးရှင်း၏ ပြည်ထောင်စု ဘတ်ဂျက်(ရငွေ)များမှာ ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၄၀.၂၉၆ ထရီလီယံ(ဒေါ်လာ ၃၇၈.၅ ဘီလီယံ)၊ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၄၁.၈၄ ထရီလီယံ ( ဒေါ်လာ ၃၉၃ ဘီလီယံ)၊ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၄၃.၁၅၄ ထရီလီယံ (ဒေါ်လာ ၄၀၅.၃၄ ဘီလီယံ) မျှော်မှန်းထားပါသည်။
ထို့ပြင် ပြည်ထောင်စုဘတ်ဂျက်(သုံးငွေ) များမှာ ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၄၁.၄၆၉ ထရီလီယံ(ဒေါ်လာ ၃၈၉.၅၂ ဘီလီယံ)၊ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၄၄.၀၂၂ ထရီလီယံ (ဒေါ်လာ ၄၁၃.၅ ဘီလီယံ)၊ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၄၅.၉၁၅ ထရီလီယံ (ဒေါ်လာ ၄၃၁.၃ ဘီလီယံ) ဖြစ်လာ မည်ဟု မျှော်မှန်းထားပါသည်။
သို့ပါ၍ ပြည်ထောင်စုဘတ်ဂျက်(လိုငွေပြမှု)သည် ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၁.၁၇၃ ထရီလီယံ( ဒေါ်လာ ၁၁.၀၂ ဘီလီယံ)၊ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၂.၁၈၁ ထရီလီယံ (ဒေါ်လာ ၂၀.၅ ဘီလီယံ)၊ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၂.၇၆၁ ထရီလီယံ ( ဒေါ်လာ ၂၅.၉ ဘီလီယံ) မျှော်မှန်း ထားပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် မျှော်မှန်းထားသည့် GDP ကိန်းဂဏန်းများကိုလည်း ဖော်ပြထားရာ ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၂၁၄.၅၇၅ ထရီလီယံ (ဒေါ်လာ ၂.၀၁ ထရီလီယံ) + ၂.၅ ရာခိုင်နှုန်းဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၂၃၀.၅၆၈ ထရီလီယံ (ဒေါ်လာ ၂.၁၆ ထရီလီယံ) ဖြစ်ပြီး + ၂.၆ ရာခိုင်နှုန်းဖြစ်ပါသည်။ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၂၄၈.၃၁၃ ထရီလီယံ (ဒေါ်လာ ၂.၃၃ ထရီလီယံ) ဖြစ်ပြီး + ၂.၈ ရာခိုင်နှုန်းဖြစ်ပါသည်။
ရုရှားဖက်ဒရေးရှင်း၏ ငွေကြေးဖောင်းပွနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် တို့တွင် ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။
ကိုးကား - TASS