စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကျင်းပ

News Image

  • စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည် ၊ ဇူလိုင်-၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်ကာ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်လွှဲကျေးရွာရှိ “မြင့်မိုရ်ရွှေတောင်” စာကြည့်တိုက်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူ များအား ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ စာပေများဖတ်ရှု့လေ့လာကြရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း  ဟောပြောခဲ့ပြီး ကဗျာရွတ်၊ ပုံပြော ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)