ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်
ကျောက်ဆည်၊ ဩဂုတ်-၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုအေးနှင့် ဆရာ/ဆရာမများ၊ အလှူရှင်များပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၈၃) ဦးအား အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်း၊ ကြာဇံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်းများ ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)
MM-News-Category