အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဥပဒေအထက်တွင် ရှိနေဟု အီလွန်မတ်စ်ပြောကြား

News Image

  • အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဥပဒေအထက်တွင် ရှိနေဟု အီလွန်မတ်စ်ပြောကြား

ဝါရှင်တန် ဒီဇင်ဘာ ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက အမေရိကန်သမ္မတ၏ သားဖြစ်သူသည် ဥပဒေအထက်တွင် ရှိနေသည်ဆိုသည့် အချက်မှာ ထင်ရှားကြောင်း အိက်စ်လူမှုကွန်ရက်တည်ထောင်သူ အီလွန်မတ်စ်က ၎င်း၏ အိက်စ်လူမှုမီဒီယာစာမျက်နှာတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ဟန်းတားဘိုင်ဒင်အား သီးခြားတရားစွဲဆိုထားသည့် ရာဇဝတ်မှုနှစ်ခုအတွက် သမ္မတဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ဟန်းတားဘိုင်ဒင်အား ခွင့်ပြုခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်၍ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်ကြောင်း သိရသည်။

ဟန်းတားဘိုင်ဒင်အား တရားစွဲဆိုထားခြင်းမှ ကင်းလွတ်ခွင့်ပြုရန် သမ္မတဘိုင်ဒင်၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာကာရိုဗာက ပြောကြားသည်။

ကိုးကား- တက်စ်သတင်းဌာန၊ ဘာသာပြန်- စိုးသူရ

Source- ကြေးမုံသတင်းစာ