ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ
ကျောက်ဆည်၊ ဇူလိုင်-၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား ၊ကျောင်းသူများ ဗဟုသုတ ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မီးခိုးနှင့်မြူတို့ပေါင်းစပ်မှုဖြစ်ပြီး၊ လေထုအတွင်း များစွာသော ဓာတုဗေဒ ပစ္စည်းများနှင့်အတူ ဖွဲ့စည်းနေသည့်အခိုးအငွေ့များဖြစ်ကြောင်း၊ ကားများ၊ စက်ရုံများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိလာသည့်မီးခိုးများကြောင့် မီးခိုမြူငွေ့များဖြစ်ပေါ်လာကြောင်းနှင့် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသီဟမှ မီးခိုးမြူငွေ့တွင်ပါဝင်သော ဓာတုပစ္စည်း များအကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ နှင့် မီးခိုးမြူငွေ့အား လျော့နည်းပပျောက်အောင် ဖြေရှင်းနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)