ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းအကြောင်းများ သင်ကြားပေးလျက်ရှိ

News Image

  • ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေသားနည်းအကြောင်းများ သင်ကြားပေးလျက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးနှင့် အရည်အသွေးရှိသောသတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းအကြောင်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သတင်းရေးသားခြင်း အကြောင်း များကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သတင်းကောင်း တစ်ပုဒ် အတွက် လိုအပ်ချက်၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်းအကြောင်းများနှင့် ဓာတ်ပုံကျွမ်းကျင်-(၂) ဦးသက်မောင်က သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းဦးနှင့်သတင်းဆောင်းပါးရေးနည်းများကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)