ပိန္နဲသီးသည် အသီးကိုစားသုံးရ၍သကဲ့သို့ ၎င်းတွင်ပါဝင်သော အစေ့ကိုပါ ချက်ပြုတ်စားသောက်၍ရသော အစေ့အဆန်တစ်မျိုးဖြစ်သည်။

ပိန္နဲစေ့တွင် ဗီတာမင်ဘီနှင့် အခြားအကျိုးပြုဓာတ်များ များစွာပါဝင်ပြီး ပုံမှန်စားပေးမည်ဆိုပါက ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာရှိသည်။ ပိန္နဲစေ့သည် အသားအရေကို အထောက်အကူပြုပြီး အရေးအကြောင်း များကိုလည်း သက်သာစေသည်။ မျက်နှာအသားအရည် ထိန်းသိမ်းရန်အတွက် ပိန္နဲစေ့ကို အသုံးပြုနည်းမှာ ပိန္နဲစေ့အနည်းငယ်ကို နို့အေးထဲတွင် မိနစ်အနည်းငယ်စိမ်၍ ကြိတ်ချေပြီး ရလာသည့်အနှစ်ကို မျက်နှာတွင် လိမ်းပေးရမည်။ ထို့နောက် မျက်နှာပြင်ခြောက်သွေ့သည်အထိထားပြီး ရေနွေးနွေးလေးဖြင့် မျက်နှာသစ် လိုက်လျှင် နှစ်ပတ်အတွင်း မျက်နှာအသားအရည် ကြည်လင်ဝင်းပလာမည်ဖြစ်သည်။ ထို့ပြင် တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်များကိုလည်း သက်သာပျောက်ကင်းစေသည်။ ပရိုတင်းနှင့် အခြားအာဟာရဓာတ်များ ကလည်း အရေပြားပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပြီး ကြွက်သားများကိုလည်း သန်မာစေသည်။
ပိန္နဲစေ့ကို တိုက်ရိုက်စားပေးလျှင် ဖိုက်ဘာကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး သံဓာတ် ပါဝင် သဖြင့် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ အိပ်စက်ရန်ခက်ခဲသူများအတွက် ပိန္နဲစေ့လှော်ကို စားသုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းလည်း ရှိသည်။ ပိန္နဲစေ့တွင် ဗီတာမင်အေ ပါဝင်ပြီး အမြင်အာရုံများကို သဘာဝအတိုင်း ကာကွယ်ထိန်းသိမ်း ပေးသည့် အစားအစာတစ်မျိုးဖြစ်သည်။ ပိန္နဲစေ့ကို နေလှန်းအခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်စားသုံး ပေးပါက အစာကြေစေပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပျောက်ကင်းစေပါသည်။ ပိန္နဲစေ့တွင် “ဖိုင်တိုနူးတြိရင့်” များစွာပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်။
ပိန္နဲစေ့တွင် ဟေမိုဂလိုဘင်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် သံဓာတ်ပမာဏ များစွာပါဝင်သောကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီး သွေးနှင့်ပတ်သက်သည့် ရောဂါဝေဒနာအများစုကို ကာကွယ်ပေးနိုင်သည်။ သံဓာတ်က သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကိုတိုးမြင့်စေသောကြောင့် ကိုယ်ခံအားကောင်းစေသည်။ ထို့ပြင် ပိန္နဲစေ့တွင်ပါဝင်သည့် မဂ္ဂနိစ်က သွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်သည်ဟု သိရသည်။ ပိန္နဲစေ့တွင်ဗီတာမင် အေ ပါဝင်မှုကြောင့် ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးသည့်အပြင် ပရိုတင်း ဓာတ်များကလည်း ဆံသားကျန်းမာရေးကိုအားဖြည့်ပေးနိုင်သည်။ သံဓာတ်ပါဝင်မှုကြောင့် ဦးရေပြားတွင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်အတွက် ပို၍ အကျိုးပြုစေနိုင်သည်။
ထို့ကြောင့် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်နှင့် အာဟာရဓာတ်များ များစွာပါဝင်သည့် ပိန္နဲစေ့ကို ပိန္နဲသီးစားပြီးလျှင် လွှင့်မပစ်ဘဲ ဟင်းချက်၍သော်လည်းကောင်း ကြော်/ လှော်/ အမှုန့်ကြိတ်၍ သော်လည်းကောင်း စသည်ဖြင့် နည်းမျိုးစုံဖြင့် အသုံးပြုနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုးကား - Myfood Myanmar

ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည
ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည့်၍ ရွေးချယ်ဝယ်ယူလာခြင်းစသော Customer Behaviorsများ ပြောင်းလဲလာသကဲ့သို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင်လည်း Sanitary and Phytosanitary (SPS) Measurement ဆိုင်ရာသတ်မှတ်ချက်များ နှင့်ကိုက်ညီမှသာ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေသည်ကို လုပ်ငန်းရှင်များအားလုံး သတိပြုမိလာကြသည်။
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသည်းကင်ဆာဖြစ်စေနိုင်သော Aflatoxin မှိုဆိပ်အကြောင်းကို လူအများသတိပြုစိုးရိမ်လာကြပြီး ၎င်းမှိုဆိပ်ပါဝင်နိုင်သော အစားအစာများ (မြေပဲနှင့် မြေပဲဆီ၊ ငရုတ်သီးခြောက်)ကို ဝယ်ယူစားသုံးရာတွင် သတိပြုဆင်ခြင်၍ Aflatoxin မှိုဆိပ်ပါဝင်မှုကို သတ်မှတ်ထိန်းချုပ်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ လာကြသကဲ့သို့ လုပ်ငန်းရှင်များမှလည်း Aflatoxin မှိုဆိပ်ပါဝင်မှုနည်းသော ကုန်ကြမ်းများကို ရွေးချယ်ဝယ်ယူ၍ မိမိထုတ်ကုန်များတွင် ၎င်းမှိုဆိပ်ပါဝင်မှုကိုနည်းနိုင်သမျှ လျော့နည်းအောင် စိစစ်ဝယ်ယူလာကြသည်ကို တွေ့ရှိလာရပါသည်။ အဆိုပါ Aflatoxin မှိုဆိပ်ပါဝင်သော အစားအစာကို စားသုံးမိပါက ချက်ချင်းလက်ငင်းတွင် သိသာသောရောဂါ လက္ခဏာမပြသော်လည်း ကာလာကြာရှည်စွာ စားသုံးမိပါက နာတာရှည်ရောဂါနှင့် အသည်းတစ်သျှူးဆဲလ်များကို ထိခိုက်မှုဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်စေနိုင်ကြောင်းကို အများပြည်သူများ သိရှိပြီးဖြစ်သည်။ ကုန်ချောထုတ်လုပ်ရာတွင် မည်မျှစနစ်တကျ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေကာမူ ကုန်ကြမ်းဝယ်ယူသည့် လမ်းကြောင်းတစ်လျှာက် အမှားအယွင်းတစ်ခုခုကြောင့်သော်လည်းကောင်း၊ ကုန်ကြမ်းများ ထားသိုသိမ်းဆည်းမှုစနစ် မမှန်ကန်ခြင်းကြောင့်သော်လည်းကောင်း ကုန်ကြမ်းများတွင် မှိုရောဂါပိုးများကျရောက်ခြင်းကြောင့် ကုန်ကြမ်းအရည်အသွေးကျဆင်းပြီး မှိုဆိပ်များကုန်ချောထိ ပါဝင်နိုင်သဖြင့် အရည်အသွေးကောင်းမွန်ပြည့်ဝသော ကုန်ချောကိုရနိုင်မည် မဟုတ်ပါ။ ကုန်ကြမ်းကောင်းမှသာ ကုန်ချောကောင်းကိုရရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
မှိုများသည် စိုစွတ်သောမြေဆီလွှာနှင့် ပုတ်သိုးဆွေးမြေ့နေသော ဟင်းသီးဟင်းရွက် အသီးအနှံများတွင် ပေါက်ပွားလေ့ရှိကြသည်။ ၎င်းမှိုမျိုးပေါင်းများစွာထဲမှ Aflatoxin မှိုဆိပ်ထုတ်ပေးသည့် မှိုမျိုးစိတ်များသည် ပြောင်းနှင့် အခြားသောသီးနှံ( မြေပဲ၊နှမ်း၊ ငရုတ်၊ ပဲမျိုးစုံ၊ ဂျုံ၊ ပီလောပီနံ၊ အခွံမာသီးစသည့်)များ ရိတ်သိမ်းချိန်၊ သိုလှောင်မှုပြုချိန် (သို့မဟုတ်) အခြားသောထုတ်လုပ်မှုအတွက် ပြင်ဆင်ချိန်အတွင်းမှာပင် ပေါက်ပွားနိုင်ပြီး ထုတ်ကုန်ပစ္စည်းများကို ညစ်ညမ်းမှုဖြစ်စေရုံသာမက ပျက်စီးဆုံရှုံးမှုကိုပါဖြစ်စေပါသည်။
Aflatoxin မှိုဆိပ်ကို အဏုဇီဝမှိုအမျိုးအစားဖြစ်သော Aspergillus Flavus နှင့် Aspargillus Parasiticus မှိုမျိုးစိပ် (၂)မျိုးမှ ထုတ်ပေးပြီး ၎င်းမှိုမျိုးစိပ်များသည် မြန်မာနိုင်ငံကဲ့သို့ ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် ကမ္ဘာ့နိုင်ငံများတွင် တွေ့ရှိနိုင်သည်။ Aflatoxin မှိုဆိပ်ကို အစေ့ထုတ် ပြောင်း၊ မြေပဲနှင့် မြေပဲဖတ်တွင် အများဆုံး၊ နှမ်းဖတ်၊ ငရုတ်သီးခြောက်၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ အုန်းဆံခြောက်၊ တိရိစ္ဆာန်အစာ၊ ဝါစေ့၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဒုတိယအများဆုံး၊ ပဲမျိုးစုံနှင့် အခွံမာသီး၊ ပီလောပီနံ၊ ဟင်းခက် အမွှေးအကြိုင်များ စသည်တို့တွင်လည်းတွေ့ရှိရသည်။ Aflatoxin မှိုဆိပ်တွေ့ရှိမှုသည် နိုင်ငံရေမြေ သဘာဝအရလည်းကောင်း၊ ရာသီဥတုအခြေအနေအရလည်းကောင်း၊ သီးနှံစိုက်ပျိုး ရိတ်သိမ်းမှုစနစ်နှင့် ထားသိုသိမ်းဆည်းမှုစနစ်အရလည်းကောင်း ပါဝင်မှုပမာဏ ကွဲပြားမှုများ ရှိနိုင်ပါသည်။ သီးနှံများရိတ်သိမ်းချိန် မတိုင်မီတွင်လည်းကောင်း၊ ရိတ်သိမ်းချိန်ကာလ အတွင်းတွင်လည်းကောင်း သီးနှံများအပေါ် မှိုများပေါက်ပွားမှုကြောင့် Aflatoxin မှိုဆိပ်ဖြစ်ရခြင်း ဖြစ်သည်။ Aflatoxin မှိုဆိပ်ကို ယေဘူယျအားဖြင့် B1, B2, G1, G2, M1 နှင့် M2 ဟူ၍ (၆) မျိုးခွဲခြားနိုင်သည်။
အဆိုပါ မှိုဆိပ်(၆)မျိုးအနက် B1 နှင့် G1တို့သည် အဆိပ်အပြင်းဆုံးမှိုဆိပ်များဟု ပညာရှင်များကဆိုကြသည်။ Aspergillus Flavus မှိုမျိုးစိတ်မှ B1 နှင့် B2 ကိုထုတ်ပေးပြီး Aspargillus Parasiticus မှိုမျိုးစိတ်သည် B1၊ B2၊ G1 နှင့်G2 (၄)မျိုးကို ထုတ်ပေးနိုင်ပြီး M1 နှင့် M2 တို့မှာ B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစာ ကို ကျွဲ၊ နွားများမှ စားသုံးမိပြီး ၎င်းခန္ဓာကိုယ်အတွင်း ဓာတုပြောင်းလဲမှုဖြစ်ပြီး M1နှင့် M2 အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။ M ဆိုသည်မှာ နွားနို့ (Milk)ဟူသော စကားလုံးမှ အရှေ့စကားလုံးကို အစွဲပြုထားခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။ Aflatoxin B1၊ B2၊ G1 နှင့် G2 တို့ကို သီးနှံများနှင့်တိရိစ္ဆာန်အစာတို့တွင် တွေ့ရပြီး M1နှင့်M2 သည် Aflatoxin B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစားအစာ(ပဲဖတ်၊နှမ်းဖတ်)ကို စားသုံးမိခြင်းဖြင့် ကျွဲ၊ နွားများ၏ ခန္ဓာကိုယ် အတွင်းသို့ မှိုဆိပ်ဝင်ရောက်ပြီး မကြေပျက်နိုင်ပဲ လူတို့စားသုံးသည့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရနိုင်ပါသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ပူအိုက်စွတ်စိုသည့် နိုင်ငံများ ဖြစ်သဖြင့်သီးနှံများ သိုလှောင်ရာတွင်လည်းကောင်း၊ အခြောက်ခံ နေလှန်းရာတွင် လည်းကောင်း၊ Aspergillus Flavus မှိုများ ကျရောက်နိုင်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။ မှိုမျိုးစိတ်များပေါက်ပွားရန် အစိုဓါတ်၊ အပူချိန်၊ အလင်းရောင်၊ အစာအဟာရ၊ လေထုစိုထိုင်းဆ စသည်တို့ရှိရန် လိုအပ်ပါသည်။ ၎င်းလိုအပ်ချက်များထဲမှ တစ်ခုခုကို ဖယ်ရှားနိုင်ပါက မှိုများပေါက်ပွားနိုင်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ ယေဘူယျအားဖြင့် အစိုဓါတ်လုံလောက်စွာ ဖယ်ထုတ်ခြင်းနှင့် လေထုစိုထိုင်းဆ ကို ၆၅% မှ ၇၀% အောက်ထားရှိပါက မှိုများမပေါက်ပွားနိုင်ပါ။ ပတ်ဝန်းကျင်စိုထိုင်းဆ ၈၅%၊ အပူချိန် ၂၅°C၊ အစိုဓါတ် ၈% ရှိနေချိန်တွင် Aflatoxin မှိုဆိပ်ထုတ်လုပ်ထွက်ရှိရန် အခြေအနေကောင်းများ ပင်ဖြစ်သည်။ ထိုကြောင့် သီးနှံများ သိုလှောင်ရာတွင် မှိုမပေါက်စေရန် အစိုဓါတ်ဖယ်ခြင်းနည်းလမ်းဖြစ်သော အခြောက်ခံခြင်းကို အသုံးပြုကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အစိုဓါတ်ဖယ်ရာတွင်လည်း သီးနှံအမျိုးအစားများအလိုက် အစိုဓါတ် ပါဝင်မှုကွဲပြားသောကြောင့် သိုလှောင်မည့်သီးနှံ၏ သဘောသဘာဝကို သိရှိရန် လိုအပ်ပြီး သိုလှောင်ရန်စိတ်ချရသော အစိုဓါတ် (သို့မဟုတ်) ၎င်းအစိုဓါတ်ထက်နည်းအောင် ဂရုပြု အခြောက်ခံပြီးမှ သိုလှောင်သင့်ပါသည်။ ဥပမာ- ပြောင်းဖူးစေ့တွင် အစိုဓါတ် ၁၃.၅%၊ မြေပဲတွင် ၇ -၈%၊ ဝါစေ့တွင် ၁၂.၀%၊ ပဲပုတ်တွင် ၉-၁၁%၊မြေပဲဖတ်တွင် ၁၃-၁၅% နှင့် အပူချိန် ၂၅ºC ဝန်းကျင်တွင် သိုလှောင်ပါက Aflatoxin မှိုဆိပ်ထုတ်ပေးသော မှိုများပေါက်ပွားနိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။ အစားအစာများတွင် မှိုကျရောက်ခြင်းသည် မလိုလားအပ်သော ပျက်ဆီးဆုံးရှုံးမှုများဖြစ်နိုင်ပြီး များပြားလှသော မှိုမျိုးစိတ်များမှာ သဘာဝအားဖြင့် မှိုဆိပ်ကိုထုတ်လုပ်နိုင်သဖြင့် မှိုကျရောက်ထားသော အစားအစာများကို စားသုံးမိသော လူနှင့်တိရိစ္ဆာန်များကို ဘေးဥပဒ်ဖြစ်ရန် အလားအလာ ရှိနေပါသည်။ အရွယ်ရောက်ပြီးသူတို့သည် Aflatoxin မှိုဆိပ်(Low Level)ကို ခံနိုင်ရည်ရှိသော်လည်း ၎င်းမှိုဆိပ်ပါသော အစားအစာကိုစားသုံးမိသော ကလေးငယ်များ သည် ကြီးထွားမှု မမှန်ကန်ခြင်းနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်ပြီး Aflatoxin မှိုဆိပ်သင့်မှု (High-Level)များလာပါက နာတာရှည်ရောဂါနှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပါသည်။ Aflatoxin မှိုဆိပ်ပါသော တိရိစ္ဆာန်အစာများကို ဥစားကြက်များအား ကျွေးမိသဖြင့် ကြက်များဥ ဥနှုန်းကျဆင်းခြင်းစသည့် သိသာသော ဆိုးကျိုးများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ မည့်သည့်တိရိစ္ဆာန်မှ Aflatoxin မှိုဆိပ်ကို ခုခံနိုင်စွမ်း မရှိသေးကြောင်း လေ့လာသိရှိရပါသည်။
ယခုအခါ လယ်ယာထွက်ကုန်သီးနှံများကို ကုန်သွယ်မှုပြုလုပ်ရာတွင် Aflatoxin ပါဝင်မှုကို စစ်ဆေးပြီး ဝယ်ယူသည့်နိုင်ငံအလိုက်သတ်မှတ်ထားသော သတ်မှတ်ချက်အတွင်းရှိမှသာ ရောင်းဝယ်မှုပြုကြကြောင်းနှင့် သတ်မှတ်ချက်ထက်ကျော်လွန်ပါက တင်ပို့သည့် နိုင်ငံသို့ ပြန်လည်ပေးပို့ခြင်း ပြုလုပ်လာကြောင်း တွေ့ရှိလာရပါသည်။ လယ်ယာထွက်ကုန် သီးနှံများမှာ စိုက်ကွင်း၌ဖြစ်စေ၊ သိုလှောင်ရုံ၌ဖြစ်စေ မှိုပေါက်ပွား ဖြစ်ပေါ်နိုင်ပါသည်။ သီးနှံများပေါ်တွင် ကျရောက်သော မှိုကိုအဓိကအားဖြင့် စိုက်ကွင်းမှိုနှင့် သိုလှောင်ရုံမှိုဟူ၍ (၂)မျိုး ခွဲခြားထားပါသည်။ စိုက်ကွင်းမှိုများမှာ သီးနှံများမရိတ်သိမ်းမီ ကျရောက်တတ်ပါသည်။ ယင်းမှိုပေါက်ပွားရန် အစိုဓါတ် ၂၂% မှ ၂၅% ထိလိုအပ်ပြီး သီးနှံများ အခြောက်ခံစဉ်နှင့် သိုလှောင်ထားစဉ်တွင် ယင်းမှိုများ သေဆုံးပျက်စီးသွားပါသည်။ နိမ့်သော အစိုဓါတ်ရှိသည့် အခြေအနေတွင် ယင်းမှိုများ မရှင်သန်နိုင်ပါ။
သိုလှောင်ရုံမှိုများမှာ သီးနှံများရိတ်သိမ်းပြီးနောက် လယ်ကွင်းအတွင်း၌ ကြာရှည်စွာ သိုလှောင်ထားခြင်း၊ အခြောက်ခံခြင်းစနစ်မကောင်းမွန်ခြင်း၊ ကုန်သည်များ လက်တွင် ယာယီသိုလှောင်ရာ၌ စနစ်ကျမှုမရှိခြင်းတို့ကြောင့် ကျရောက်ရခြင်း ဖြစ်ပါသည်။ သီးနှံများတွင် မှိုများကျရောက်ခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများဖြစ်စေပြီး စားသုံးသူများအတွက်လည်း အန္တရာယ်ဖြစ်စေသည့်အတွက် WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ လူတို့စားသုံးသည့် အစားအစာများတွင် Aflatoxin မှိုဆိပ်ပါဝင်မှုကို 20 ppb နှင့် တိရိစ္ဆာန်အစာတွင် 55 ppb ထက်ပို၍ မပါဝင်သင့်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပါသည်။ Aflatoxin မှိုဆိပ်ပါဝင်မှုကို သာမန်မျက်စိဖြင့် မမြင်နိုင်သဖြင့် ပါဝင်မှုကိုသိရှိလိုပါက အဆင့်မြင့်ဓါတ်ခွဲခန်းတွင်သာ Thin Layer Chromatography(TLC)၊ High Pressure Liquid Chromatography(HPLC) စသည့် ခေတ်မီစက်ကိရိယာတို့ဖြင့်သာ တိကျမှန်ကန်စွာ စမ်းသပ်နိုင်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) လှည်းကူးရှိ ဓါတ်ခွဲခန်းတွင် High Pressure Liquid Chromatography (HPLC) စက်ဖြင့် Aflatoxin ပါဝင်မှုကိုစမ်းသပ် စစ်ဆေးပေးလျက်ရှိကြောင်း သိရှိရပါသည်။ Aflatoxin ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်နေပါကလည်း ဖယ်ရှားရန်ခက်ခဲလှသဖြင့် သီးနှံများစိုက်ပျိုးရိတ်သိမ်းစဉ်တွင် မှိုမျိုးစိတ်များ မပေါက်ပွားနိုင်ရန် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်ကောင်းများ (Good Agricultural Pracitce - GAP) နှင့်အညီ စိုက်ပျိုးပြီး သီးနှံများအား ကောင်းစွာခြောက်သွေ့သည်အထိ စနစ်တကျ အခြောက်ခံပြီးမှသာ ရောင်းချသိုလှောင်သင့်ကြောင်းနှင့် သိုလှောင်ရာတွင်လည်း သီးနှံအတွက်လိုအပ်သော လေထုစိုထိုင်းဆ၊ လေဝင်လေထွက်စနစ်၊ အပူချိန်စသည်တို့ကို ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။
သို့ဖြစ်ပါ၍ သီးနှံကုန်ကြမ်းများတွင် Aflatoxin မှိုဆိပ်မဖြစ်စေရန် သီးနှံမစိုက်ပျိုးမီ မြေကြီးကို ခြောက်သွေ့စေရန် အထပ်ထပ်ထွန်ယက်၍ မြေလှန်ခြင်းများပြုလုပ်ရပါမည်။ သီးနှံတစ်မျိုးတည်းကို တသမတ်တည်း တောက်လျောက်စိုက်ပျိုးခြင်းမျိုး ရှောင်ကျဉ်ရပါမည်။ သီးနှံများ တညီတညာတည်းရင့်မှည့်ပြီးမှသာ ဆွတ်ခူးရမည်။ ရင့်မှည့်သော ပဲစေ့များ ရိတ်သိမ်းရာတွင် သီးတောင့်အစအန၊ အညှာများစသည်တို့ကို ဖယ်ထုတ်သန့်စင်ပေးရမည်။ ရိတ်သိမ်းချိန် ကာလတွင် သီးနှံကိုထိခိုက်ပျက်စီးမှုနည်းပါးစေရန် ဂရုစိုက်ကိုင်တွယ်ရမည်။ ပိုးမွှားများ ကျရောက်ပြီး နောက်ဆက်တွဲ မှိုရောဂါများကျရောက်စေနိုင်သောကြောင့် အထူးဂရုစိုက်ရမည်။ မြေပဲအပါအဝင် ပဲမျိုးစုံကို ရိတ်သိမ်းခြွေလှေ့ပြီးစတွင် မြေမှုန်မြေသားများသည် သီးနှံတွင်ကပ်ညှိနိုင်၍ ယင်းမြေမှုန့်များနှင့်အတူ အဏုဇီဝ မှိုမျိုးစိတ်များ ပါလာနိုင်ပါသည်။ ထို့ကြောင့်သီးနှံများကို ကွင်းတလင်းများတွင် ကောင်းစွာခြောက်သွေ့စေရန် ရက်အတန်ကြာ နေလှန်းပါက အထူးကောင်းမွန်ပါသည်။ စိုထိုင်းဆများသောဒေသများတွင် သီးနှံများကို အခြောက်ခံစက်များဖြင့်အမြန်ခြောက်သွေ့စေခြင်းဖြင့် Aflatoxin မှိုဆိပ်ကျရောက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ခြောက်သွေ့ရာသီများတွင် သီးနှံကိုအပုံကြီးများပုံ၍ အခြောက်ခံရာတွင် အစိုဓါတ်များအောင်းပြီး မှိုဆိပ်များကျရောက်တတ်သဖြင့် အထူးဂရုစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ အစိုဓါတ်များသော သီးနှံများကို လေလုံပိတ်သိုလှောင်ရာတွင် ကောင်းစွာမခြောက်သွေ့ပါက အစိုဓါတ်ပြန်ပြီး မှိုကျရောက်နိုင်သောကြောင့် မှိုမပေါက် နိုင်စေရန် အစိုဓါတ်လုံလောက်အောင်ခြောက်သွေ့စေပြီးမှ သိုလှောင်သင့်ပါသည်။ သီးနှံပုံအတွင်းသို့ လေမှုတ်သွင်းခြင်း(Aeration)နည်းလမ်းသည်လည်း မှိုကျရောက်မှုကို ကာကွယ်ရာတွင် ထိရောက်သောနည်းစနစ်တစ်ရပ်ဖြစ်သဖြင့် ကျင့်သုံးပေးသင့်ပါသည်။ အထက်ဖော်ပြပါ နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် သီးနှံများတွင် မှိုကျရောက်မှုကို ကာကွယ်နိုင်ပြီး ၎င်းသီးနှံများမှ ထုတ်လုပ်သော စားသောက်ကုန်များနှင့် တိရိစ္ဆာန်အစားများတွင် မှိုဆိပ်များကင်းစင်ပြီး စားသုံးသူများလည်း အန္တရာယ်ကင်းစေမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်များကို စေတနာရှေ့ထားကာ ဖော်ပြအပ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး

အီတလီနိုင်ငံမှ လေ့လာချက်အရ တစ်ပတ်လျှင် ကြက်သား ၃၀၀ ဂရမ်ထက် ပိုစားသူများသည် ကြက်သား ၁၀၀ ဂရမ်အောက် စားသူများနှင့် နှိုင်းယှဉ်ပါကသေဆုံးနိုင်ခြေ ၂၇% ပိုများပြီး အစာခြေလမ်းကြောင်း ကင်ဆာ ဖြစ်နိုင်ခြေ ၂.၂၇ ဆ အထိ မြင့်တက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီတွင် အီတလီ အမျိုးသား အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာဌာန (Italian National Institute of Gastroenterology) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ကြက်သား အလွန်အကျွံ စားသုံးမှု သည် သေဆုံးနိုင်ခြေနှင့် အစာခြေလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်ဟု သိရှိ ရသည်။ တစ်ပတ်လျှင် ၃၀၀ ဂရမ်ကျော် (ကြက်ရင်ပုံသား ၃-၄ ချပ်ခန့်) စားသုံးပါက အန္တရာယ်ရှိသော အဆင့် အဖြစ်သတ်မှတ်သည်။
ယခင်အချိန်က ကြက်သားကို အနီရောင်အသား (အမဲသား၊ ဝက်သား) နှင့် ပြုပြင်ထားသော အသားများ (ဥပမာ ဝက်ပေါင်ခြောက်) ထက် ပိုမိုကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာအဖြစ် သတ်မှတ်ခဲ့ကြသည်။
၂၀၁၅ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကင်ဆာဆိုင်ရာသုတေသနဌာန (IARC) က အနီရောင်အသားကို “ဖြစ်နိုင်ခြေရှိသော ကင်ဆာဖြစ်စေသည့်အရာ” (Group 2A) အဖြစ် သတ်မှတ်ခဲ့သော်လည်း ကြက်သားကို အန္တရာယ်ရှိသည့်စာရင်းတွင် မထည့်သွင်းခဲ့ပါ။ သုတေသနအသစ်များက ကြက်သား အလွန်အကျွံစားသုံးမှုသည်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ညွှန်ပြနေသည်။
အမေရိကန် အစာအာဟာရ လမ်းညွှန်ချက်များ အရ တစ်ပတ်လျှင် ၁-၃ ကြိမ် (တစ်ကြိမ်လျှင် ၁၀၀ ဂရမ်၊ ကြက်ရင်ပုံသား ၁ ချပ်ခန့်) စားသုံးသင့်သည်ဟု ဆိုသည်။ ကြက်သားတွင် ပရိုတင်းများစွာပါပြီး အဆီနည်း သော်လည်း အလွန်အကျွံစားပါက ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ ဖြစ်စေနိုင်သည်။
သုတေသနပညာရှင်များက ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများအဖြစ် ကြက်သားချက်ပြုတ်ရာတွင် ထွက်ပေါ်လာသောဓာတုဒြပ်ပေါင်းများက ကင်ဆာဖြစ်စေနိုင်သည့် ဇီဝဖြစ်စဉ်များကို အားပေးနိုင်သည်ဟု ဆိုသည်။ အရေခွံနှင့်အတူ ကြက်သားကိုစားပါက ကိုလက်စထရောနှင့် ပြည့်ဝဆီများ ပိုမိုရရှိနိုင်သည်။ အချို့သောကြက်မွေးမြူရေးလုပ်ငန်းများတွင် ပိုးသတ်ဆေး၊ ဟော်မုန်းများ အသုံးပြုမှုကြောင့် ကြက်သားတွင် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်။
ကြက်သားစားသုံးရာတွင် တစ်ပတ်လျှင် ၃၀၀ ဂရမ်ထက် မပိုစားပါနှင့်။ ကြော်ခြင်းထက် ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ မီးကင်ခြင်းကို ဦးစားပေးပါ။ ဟော်မုန်းနှင့် ပိုးသတ်ဆေးများ မသုံးထားသော ကြက်သားမျိုးကို ရွေးဝယ်ပါ။ ကြက်သားအစား ငါး (ဆယ်လ်မွန်၊ တူနာ) ၊ ပဲအမျိုးမျိုး (ပဲနီလေး၊ တိုဖူး)၊ ဥများ၊ နို့ထွက်ပစ္စည်း များ (ဒိန်ချဉ်၊ ချိစ်)တို့ကို ပရိုတင်းရရှိရန် စားသုံးနိုင်ပါသည်။
ကြက်သားကို သင့်တင့်မျှတစွာစားသုံးပါက ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း အလွန်အကျွံစားသုံးပါက ကင်ဆာအန္တရာယ်နှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ကြောင်း သုတေသနများက သတိပေးထားပါသည်။
“အစားအစာဆိုသည်မှာ ဆေးဖြစ်သကဲ့သို့ အဆိပ်လည်းဖြစ်နိုင်သည်၊ ပမာဏနှင့် စားသောက်မှုပုံစံက အရေးကြီးဆုံးဖြစ်သည်။”
ကိုးကား-VN Express
Photo: Free Press Journal

ကွမ်းယာစားခြင်း၊ဝါးခြင်းသည် ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆေးဝါးအဖြစ်သော်လည်းကောင်း၊ ခံတွင်းချဉ် ခြင်းကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားများသာမက အမျိုးသမီးများပါ စားသုံးလာကြသော ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ကွမ်းယာကို နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့် စားသုံးလျက် ရှိသည်ကို တွေ့ရသည်။ သို့သော် ၎င်းတို့စားသုံးနေသော ကွမ်းရွက်သည် မည်မျှထိ ဆေးဖက်ဝင်သည်ကိုမူ လူတိုင်း မသိကြချေ။ ထို့ကြောင့် မိမိတို့စားသုံးနေကြသော ကွမ်းယာတွင်ပါဝင်သည့် ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံများကို ဖော်ပြ ပေးလိုက်ရပါသည်။

မျက်လုံးရေတိမ်ဖြစ်သူများ ကွမ်းရွက်ကို မျက်စိနှင့် နှာတံအကြား ကပ်ပေးခြင်းဖြင့် ရေတိမ်ကင်းဝေးပြီး မျက်မှန်လွတ်စေ နိုင်သည်။ နားလေး၊ နားထိုင်းခြင်း မဖြစ်စေရန် ကွမ်းရွက်ကို နားထဲသို့လိပ်ထည့်ထားခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်သည်။ ခေါင်းကိုက်၊ ခေါင်းမူးဝေဒနာများ ခံစားရပါက နားထင်တွင် ကွမ်းရွက်ကပ်ပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
သွားဖုံးနာခြင်း၊ ပါးစပ်ထဲတွင် အပူဖုများထွက်ခြင်းများအတွက် ကွမ်းရွက်ကပ်ခြင်း၊ ကွမ်းရွက်ငုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်ဖူးသူများ ထပ်မံ မဖြစ်ပွားစေရန် ရင်ဘတ် သို့မဟုတ် နှလုံးနေရာကို ကွမ်းရွက် ကပ်အိပ်ခြင်းဖြင့် သက်သာစေနိုင်သည်။ အဆုတ် မကောင်းသူများ၊ ချောင်းဆိုးသူများ ကွမ်းရွက်ကို ရင်ဘတ်၊ ကြောဘက်နှင့် အဆုတ်နေရာ နှစ်ဘက်စလုံးကို ကပ်ပေးခြင်းဖြင့် သက်သာစေသည်။
ရေချိုးမှား၍ ဖျားခြင်းအတွက် ကွမ်းရွက်ထဲ လျက်ဆားထည့်၍ ဝါးစားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။ မျက်နှာတွင် တင်းတိပ်၊ ဝက်ခြံများပျောက်ကင်းစေရန် ကွမ်းရွက်ကို မီးပြ၍ ကပ်ပေးခြင်း၊ ချေ၍လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေသည်။ အမျိုးသမီးများ သားအိမ်ကင်ဆာ ဖြစ်ပွားလျှင် သားအိမ်နားတစ်ဝိုက် ကွမ်းရွက် ကပ်ပေးခြင်းဖြင့် သက်သာစေသည်။ နို့တိုက်မိခင်များ နို့ချောင်းပိတ်၊ နို့ကျိတ်ရောင်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တစ်ခုခုတို့ဖြင့် သုတ်၍ ကွမ်းရွက် ကပ်ပေးလျှင် ပျောက်ကင်းစေသည်။
ကလေးငယ်များ နှာစေး၊ နှာပိတ်၊ အသက်ရှူကျပ်၍ အနေခက်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တစ်ခုခုဖြင့် သုတ်၍ ကွမ်းရွက် အလယ် အပေါက်ဖောက်ကာ ငယ်ထိပ်၌ ကပ်ပေးလျှင် ချက်ချင်း သက်သာပျောက်ကင်းစေသည်။ ကလေးငယ်များ ချောင်းဆိုးပါက ကွမ်းရွက်စိမ်း သတ္တုရည်တွင် ဆားအနည်းငယ်ထည့်၍ တစ်နေ့လျှင် ၁၀ စက်မှ အစက် ၃၀ ခန့်၊ အသက် အရွယ်ကိုလိုက်၍ တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေသည်။
ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
Photo: MOI

ဆေးလိပ်သောက်ခြင်းသည် အရွယ်ရောက်ပြီးလူငယ်များတွင် လေဖြတ်နိုင်ခြေ နှစ်ဆပိုများလာကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားပါသည်။ ဆေးလိပ်အလွန်အကျွံသောက်ခြင်းက လေဖြတ်နိုင်ခြေ ကို ပိုဆိုးစေပြီး နေ့စဉ် စီးကရက်တစ်ဘူးထက် ပိုသောက်သည့် လူငယ်များသည် နှစ်၂၀ကြာပြီးနောက် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ ၄ ဆ ပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု သုတေသီများက ဆိုပါသည်။

လေ့လာမှုအတွက် သုတေသီများသည် Cryptogenic Stroke ဟု ခေါ်သော လေဖြတ်ခြင်းတစ်မျိုးကို အထူးပြုလေ့လာခဲ့ပြီး အဆိုပါ ဖြစ်စဉ်များသည် သွေးစီးဆင်းမှုပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော်လည်း မည်သည့်အရာက ပိတ်ဆို့စေသည်ကို မသိရသေးဟု ဆိုသည်။
“ဆေးလိပ်သောက်ခြင်းသည် Ischemic Stroke နှင့်ဆက်စပ်နေသော်လည်း အထူးသဖြင့် အသက် ၅၀ နှစ်အောက် လူများအား ဆေးလိပ်သောက်ခြင်းက မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို မသိရပါ” ဟု သုတေသီများက ပြောကြားခဲ့ပါသည်။
သုတေသီများက အသက် ၁၈ နှစ်မှ ၄၉ နှစ်အကြား လေဖြတ်ခြင်းခံရသော လူပေါင်း ၅၄၆ ဦး၏ ဆေးမှတ်တမ်းများကို လေဖြတ်ခြင်း မရှိသောသူများနှင့် နှိင်းယှဉ်လေ့လာခဲ့ပြီး ဆေးလိပ်သောက်သူ ၃၃ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်မသောက်သူ ၁၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက မရှင်းပြနိုင်သော လေဖြတ်ခြင်းကို ခံစားခဲ့ရကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
လိင်အမျိုးအစား၊ အသက်အရွယ်နှင့် ဆေးလိပ်သောက်သုံးမှု များပြားခြင်းများက အရွယ်ရောက်ပြီးသူများအတွက် လေဖြတ်နိုင်ခြေပေါ်တွင် လွှမ်းမိုးနေသောအချက်များဖြစ်သည်ဟု ဆိုသည်။
အမျိုးသားဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ ၃ ဆ နှင့် အသက် ၄၅ နှစ်မှ ၄၉ နှစ်ကြား ရှိသူများတွင် ဖြစ်နိုင်ခြေ ၅ ဆနီးပါးရှိသည်။ အနှစ် ၂၀ ပတ်လုံး တစ်နေ့လျှင် တစ်ဘူး ထက် ပိုသောက်သော အမျိုးသားများသည် လေဖြတ်နိုင်ခြေ ၇ ဆနီးပါး ရှိပြီး အသက် ၄၅နှစ် မှ ၄၉ နှစ် တွင် လေဖြတ်နိုင်ခြေ ၅ ဆ နီးပါး ရှိကြောင်း သုတေသီများက ဆိုသည်။
ခြုံငုံသုံးသပ်ချက်အရ တစ်နေ့လျှင် စီးကရက် ၁၁ လိပ် မှ ၂၀ အထိ ဆေးလိပ်သောက်သူများသည် လေဖြတ်နိုင်ခြေ ၆၄ % တိုးလာကာ တစ်နေ့လျှင် ဆေးလိပ်အလိပ်ရေ ၄၀ ကျော်သောက်သူများက ၎င်းတို့ထက် ၅ ဆကျော် လေဖြတ်နိုင်ခြေပိုများသည်ဟု လေ့လာတွေ့ရှိရကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post

နေပြည်တော် ဖေဖော်ဝါရီ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပိုမိုကြိုးစားအားထုတ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကြိုးစားအားထုတ်ဆောင်ရွက်ရန် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ ပန်းတနော် မြို့နယ်ကုသရေးဦးစီးဌာနမှူးက ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါကာကွယ်နှိမ်နင်းရေး)မှ ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို အသေးစိတ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းသို့ လှည့်လှည်ကြည့်ရှုကာ တာဝန်ကျဆရာဝန်များ၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများနှင့် တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် ပန်းတနော်မြို့နယ်အတွင်း မြို့ကွက်သစ်အရှေ့ပိုင်းရပ်ကွက် (၁) နှင့် ဆက်စပ်ကျေးရွာများမှ ပြည်သူများကို တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် လေးခန်းတွဲလေးထပ်အဆောက်အအုံ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အားပေးစကားပြောကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆက်လက်ထွက်ခွာပြီး ပြည်သူ့ဆေးရုံကြီး မအူပင်မြို့မှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သောဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ ပြတ်လပ်မှုမရှိစေရေး ဖြည့်ဆည်းပေးရန်၊ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်တို့ကိုမှာကြားပြီး ဆေးရုံအတွင်း လှည့်လှည်ကြည့်ရှု၍ ဆေးရုံတက်ရောက် ကုသနေသောလူနာများကို အားပေးစကားပြောကြားသည်။
ပံ့ပိုးကူညီနိုင်ရေးမှာကြား
ညနေပိုင်းတွင် မအူပင်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သော လူအင်အားနှင့် စက်ပစ္စည်းကိရိယာများကို ဦးစီးဌာနမှ ပံ့ပိုးကူညီနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
Source: Myanmar National Portal

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအတွက် ပုံမှန်စားနေကျ အစားအစာများအပြင် ခန္ဓာကိုယ်၏ လိုအပ်ချက်အပေါ်လိုက်၍ မဖြစ်မနေ ဖြည့်စွက်စာများ သုံးစွဲပေးရန် လိုအပ်လာသည်။ ထိုသို့ လိုအပ်လာသည့်အခါ ဖြည့်စွက်စာများ ဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း၊ ကျောက်ကပ်ထိမည်စိုး၍ ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း (To A Better Health) မှ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက မျှဝေထားသည့် သဘာဝ နည်းများကို ပြန်လည်မျှဝေ တင်ပြပေးပါမည်။

ဗီတာမင်-ဒီရရှိစေရန် မနက်ခင်းနေရောင်ခြည်ခံပေးရမည်။ နေပူထဲတွင် နာရီဝက်ခန့် နေပူစာလှုံပေးရမည်။ နေရောင်ခြည်ခံရင်း တစ်လက်စတည်း ဖိနပ်မစီးဘဲ မြေကြီးဓာတ်ကိုပါ ယူရမည်ဖြစ်သည်။ မြေကြီးတွင် ဝါယောဓာတ်များ ပါဝင်သည်။ စိုနေသောမြက်ခင်းဆိုလျှင် ပို၍ သင့်တော်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ယောင်ကိုင်းခြင်းကို သက်သာစေနိုင်သည်။ အင်ဒီအောက်စီဒင့်များ ပါဝင်သောကြောင့် သွေးကျဲစေပြီး လေဖြတ်ထားသူများ၊ နှလုံးသွေးကြော ပိတ်သူများအတွက်အလွန် သင့်တော်သည်။
ဗီတာမင် ဒီ-၃ နှင့် အတူတွဲဖက်သောက်သုံးရသည့် ဗီတာမင်ဒီ ကေ-၂ ကို သဘာဝနည်းဖြင့် ရယူနိုင်သည်။ ရှမ်းတို့ဖူး၊ ကလီစာဟင်း၊ ကြက်ဥအနှစ်၊ မုန်ညှင်းချဉ်၊ ဒိန်ချဉ်တို့တွင် ဗီတာမင်ဒီ ကေ-၂ များစွာပါဝင်သည်။ မကြာခဏ နနွင်းဖျော်ရည် သောက်သုံးပေးသင့်သည်။ နနွင်းဖျော်ရည် သောက်သုံးခြင်းဖြင့် ညဘက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။ သို့သော် ပမာဏများများ သောက်သုံးမိပါက ဝမ်းချုပ်စေနိုင်သည်။
အသီးအနှံနှင့် အစိမ်းရောင်အရွက်များများစားပေးရမည်။ ဤသို့စားပေးခြင်းဖြင့် ဝမ်းပျော့စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကို ဟန့်တားပေးနိုင်သည်။ အရိုးပြုတ်ရည် သောက်ပေးသင့်သည်။ ဥပမာ - ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုးတို့ကို စွပ်ပြုတ်လုပ်သောက်ခြင်းဖြင့် ဗီတာမင်ဓာတ်များစွာရရှိစေနိုင်သည့်ပြင် အအေးမိနှာစေးရောဂါကို ကာကွယ်ပေးနိုင်သည်။ အုန်းရည်သောက်ခြင်းဖြင့်လည်း သတ္တုဓာတ်မျိုးစုံ ရရှိစေသည်။ နွယ်ချိုကို ဆေးဝါးအဖြစ် ပုံမှန် စားပေးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်။ ခြေထောက်ကို ဆားရေစိမ်ပေးခြင်းဖြင့် ညောင်းညာကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေသည်။ သစ်ကြားသီးနှင့် အဆီများသော “ငါး” တို့ကိုလည်း မကြာခဏ စားပေးသင့်သည်။ ၎င်းတို့တွင် အိုမီဂါ-၃ ပါဝင်သည်။ ဗီတာမင်-စီ ရရှိစေရန် ငရုတ်ပွသီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊ ဘယ်ရီသီးအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကင်ပွန်းချဉ်၊ ချဉ်ပေါင်ရွက်၊ အာလူး၊ ကန်စွန်းဥ အစရှိသည်တို့ကို စားသုံးပေးသင့်သည်။ ဇင့် ဓာတ်ရရှိစေရန် ပင်လယ်စာ၊ အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊ ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊ ပြောင်းဖူး စသည့် ဟင်းသီးအရွက်များအပြင် ကွာစေ့၊ ဖရုံစေ့ကဲ့သို့သော အစေ့အဆံများကိုလည်း စားသုံးပေးသင့် သည်။ အင်တီဘိုင်အိုတစ်ရရှိစေရန် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း၊ သစ်ကြံပိုး ခေါက်များ စားသုံးပေးနိုင်သည့်ပြင် ရေနွေးကြမ်းလည်း သောက်ပေးသင့်သည်။
အထက်ပါနည်းလမ်းများအပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ် အနည်းဆုံး (၁၅) မိနစ် ခန့် ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါသည်။
ကိုးကား - To A Better Health
ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
Photo: MyFood Myanmar

“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။”
“ဘာဖြစ်တာတဲ့လဲ”
“အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။
အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။
ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ”
“ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော့လေ”
“ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။”

“ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တွန်းလို့ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။”
ရင်ကျပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။
ရင်ကျပ်ရောဂါ
ရင်ကျပ်ရောဂါ များဟုလူသိထားကြသော ရောဂါများထဲတွင် ပန်းနာရင်ကျပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။
ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ ဓါတ်မတည့်ခြင်းဟုဆိုရာတွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထွက်သော အငွေ့နှင့်အနံ့များ၊ အမှုန်အမွှားများ၊ ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်အမွှေးအမျှင်များ စသဖြင့်ရင်ကျပ်ခြင်းကို ပိုဆိုးစေသော အရာများစွာ ရှိပါသည်။
လူနာတစ်ယောက်နှင့်တစ်ယောက်ဓါတ်မတည့်ပုံခြင်း မတူတတ်ကြသဖြင့်လူနာများအနေဖြင့် မိမိဓါတ်မတည့်ဖြစ်ပြီး ရင်ကျပ်ဖူးသော အရာများကိုမှတ်သားရှောင်ကြဉ်ကြရပါမည်။ တချို့ဆိုလျှင်အစားအသောက်တစ်ခုခုနှင့်မတည့်ဘဲကျပ်သူများလည်း ရှိသည်။ ထို့သို့ဆိုလျှင်လည်း လူနာအနေနှင့်မိမိမတည့်သော အစားကိုသတိထားဆင်ခြင်ကြရပါမည်။ ဆရာဝန်များအနေဖြင့်အများနှင့် ခြုံငုံ၍သာအကြံပေးနိုင်သည်ဖြစ်ရာ တစ်ဦးချင်း မတည့်သည်ကိုလူနာကိုယ်တိုင်ကသာ ပိုမိုသိရှိနိုင်မည်ဖြစ်သဖြင့်မိမိမတည့်တတ်သည့်အရာများ အစားအစာများကိုလူနာကိုယ်တိုင်က မှတ်သားထားသင့်ပါသည်။
လေပြွန်ရောင် ရင်ကျပ်ရောဂါ အမျိုးအစားသည် အများအားဖြင့်အသက်၄၀နောက်ပိုင်းမှသာဖြစ်လာတတ်သည်။ ဆေးလိပ်သောက်ခြင်းနှင့်အများအားဖြင့်သက်ဆိုင်သည်။ သို့သော်တစ်ခါတစ်ရံဆေးလိပ်လုံးဝမသောက်သော်လည်း မီးသွေး ထင်းမီးဖိုများ၊ စက်ရုံ ခြင်ဆေးခွေစသည်မှထွက်သော အငွေ့များကို ရှူရပါများလာလျှင်လည်း ဖြစ်လာတတ်ပါသည်။ တစ်ချို့အမေကြီးများဆိုလျှင်ဆေးလိပ်လုံးဝမသောက်ပါဘဲနှင့်လည်း မီးသွေးထင်းစသည်နှင့်ထမင်းဟင်းချက်တာ ကြာလာပြီးဖြစ်ပွားကြခြင်းများလည်းရှိပါသည်။ ရင်ကျပ်ဖြစ်လာပြီဆိုလျှင်ပန်းနာရင်ကျပ်အမျိုးအစားသည်အများအားဖြင့်လူနာနှင့်ဓါတ်မတည့်သော အရာများကို ရှူမိထိတွေ့မိသော အချိန်တွင်ထဖောက်တတ်သည်။ သိပ်မဆိုးဘဲ ဆေးရှူလိုက်ရုံနှင့်သက်သာသွားတတ်သလိုတစ်ခါတစ်ရံအလွန်အမင်းပြင်းထန်ပြီး ဆေးရုံတက်ရခြင်း အသက်အန္ကရာယ်စိုးရိမ်ရခြင်းများပါဖြစ်တတ်ပါသည်။ ကြားထဲ ဓါတ်မတည့်သော အရာနှင့်ထိတွေ့ခြင်းမရှိချိန်တွင်မူပုံမှန်ကောင်းနေတတ်ပါသည်။ ထို့ကြောင့်ဓါတ်မတည့်တတ်သော အရာကိုရှောင်ရန်အလွန်အရေးကြီးပါသည်။
လေပြွန်ရောင်ရင်ကျပ်ရောဂါမှာမူထိုသို့မဟုတ်ချေ။ နာတာရှည်ချောင်းဆိုးနေတတ်ပြီးအနည်းငယ်လှုပ်ရှားရုံဖြင့်မောပန်းလွယ်နေတတ်သည်။ ရောဂါရင့်လာသည်နှင့်အမျှအဆုတ်သွေးကြောဖိအားများလာခြင်း၊ နှလုံးထိခိုက်လာခြင်းများဖြစ်လာပြီးကိုယ်လက်ဖောရောင်လာခြင်းများအထိဖြစ်လာတတ်သည်။ တခြားတွဲဖက်ဖြစ်တတ်သော ရောဂါများအနေဖြင့်နှလုံးသွေးကြောကျဉ်းခြင်း၊ အရိုးပါးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အဆုတ်ကင်ဆာရောဂါများအထိဖြစ်တတ်ပါသည်။ ရင်ကျပ်ရောဂါနှစ်မျိုးလုံးတွင်အသည်းအသန်ရောဂါဖောက်သော အဆင့်ဟူ၍ ရှိတတ်ပြီးထိုအဆင့်တွင်စက်ဖြင့်ဆေးရှူရခြင်း၊ ထိုးဆေးထိုးရခြင်း၊ အသက်ရှူစက်တင်ရခြင်း စသည်တို့အထိပြုလုပ်ရတတ်ပြီး အသက်အန္ကရာယ်ပင်စိုးရိမ်ရတတ်ပါသည်။
ရင်ကျပ်ရောဂါဘယ်လိုကုရမလဲ
ပန်းနာရင်ကျပ်ရောဂါသည်များအနေဖြင့်အထက်တွင်ဖော်ပြခဲ့သလို မိမိမတည့်သော အရာများကိုသတိထားမှတ်သားပြီး ရှောင်ကြဉ်ကြရန်လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အမြဲတမ်းတော့လွယ်ကူမည်မဟုတ်ပါချေ။ မိသားစုဝင်များ အပေါင်းအဖော်များ၏ ကူညီဖေးမမှုလိုအပ်ပါသည်။ အိမ်တွင်လေကောင်းလေသန့်ရရန်၊ မီးဖို ခြင်ဆေး အမွှေးတိုင်စသည်တို့မှအငွေ့များ အိမ်တွင်းတွင်မပြန့်နေစေရန်၊အမွှေးပွပါသော စောင်၊ အရုပ်စသည်တို့ကိုရှောင်ကြဉ်ရန်၊ ဖုန်ထူမည့်နေရာများကိုရှောင်ကြဉ်ရန်၊ အိမ်တွင်တိရစ္ဆာန်များဖြစ်နိုင်ပါက မမွေးရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအလုပ်ထဲရှိအနံ့၊ အငွေ့စသည်တို့နှင့်မတည့်ဘဲ ရင်ကြပ်တတ်သူများဆိုလျှင်အလုပ်ပြောင်းရသည်အထိပင်ဖြစ်တတ်ကြပါသည်။
လေပြွှန်ရောင်ရင်ကျပ်ရောဂါသည် ပန်းနာရင်ကျပ်ကဲ့သို့ ဓါတ်မတည့်သည် မဖြစ်တတ်သော်လည်းအနံ့များ မီးခိုးများစသည်တို့နှင့်ထိတွေ့ရလျှင်ပိုကြပ်တတ်ခြင်းများရှိတတ်ပါသည်။ ထို့အပြင်ရောဂါဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့်ဆေးလိပ်များ၊ မီးခိုး အငွေ့စသည်များကိုလုံးဝအပြည့်အဝမရှောင်ကြဉ်နိုင်ပါက ရောဂါပိုဆိုးလာခြင်းကိုမတားဆီးနိုင်ချေ။ ထို့ကြောင့်ဆေးလိပ်သောက်တတ်သူများအနေဖြင့်ဆေးလိပ်ကိုလုံးဝဖြတ်ရန်လိုအပ်ပါသည်။ လျှော့သောက်ရုံနှင့်ရောဂါပိုဆိုးခြင်းကိုမကာကွယ်နိုင်ပါ။ တခြား မီးခိုးနှင့်ထိတွေ့ရသော အကြောင်းများဖြစ်သည့်မီးသွေးမီးဖို၊ ခြင်ဆေးခွေ၊ အမွှေးတိုင်တို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရပါမည်။
ကုသရာတွင်အသုံးပြုသော ဆေးဝါးများအနေဖြင့်ပြောရလျှင်ရှူရသောဆေးဂေါက်ဟုခေါ်လေ့ရှိသော Inhaler ရှူဆေးများသည်ပထမအဆင့်သုံးရသောဆေးများဖြစ်သည်။
သောက်ဆေး ထိုးဆေးများထက်ဘေးထွက်ဆိုးကျိုးပိုနည်းပါသည်။ ထိုသည်ကိုလူနာတချို့က ရှူဆေးသည်နောက်ဆုံးအဆင့်ဟုအထင်မှားကာ မသုံးစွဲကြဘဲ သောက်ဆေးများကိုသာ ဦးစားပေးသောက်နေကြသည်ကိုတွေ့ရှိရသည်။ တချို့ဆိုလျှင်သောက်ဆေးများကိုစပ်ဆေးရောင်းသူများက ညွှန်သည့်အတိုင်းသောက်ရင်းမှ Prednisolone, Dexamethasone စသည့်ဆေးများကိုရေရှည်စွဲသောက်နေမိတတ်သည်။
ထိုဆေးများသည် ရင်ကျပ်လက္ခဏာများကိုအမြန်သက်သာသွားစေနိုင်သည်မှာ မှန်သော်လည်း ရေရှည်စွဲသောက်မိလျှင်သွေးတိုးခြင်း၊ ဆီးချိုဝင်လာခြင်း၊ အရေပြားပါးလာခြင်း၊ အရိုးပါးကာ အရိုးကျိုးလွယ်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည့်အတွက်ရေရှည်မသုံးစွဲသင့်ချေ။Inhaler ရှူဆေးများသည်သောက်ဆေးထက်စာလျှင်ဆေးတန်ဖိုးပိုမိုများပြားတတ်ပါသည်။ ထို့ကြောင့်လည်း တချို့အနေနှင့်ငွေကြေးအခက်အခဲကြောင့်မရှူနိုင်ဘဲ ဖြစ်တတ်ပါသည်။ သို့သော်ဆေးပုံမှန်မသုံးစွဲခြင်းကြောင့်ရောဂါထဖောက်ကာ ဆေးရုံတက်ရခြင်းများဖြစ်လျှင်ကုန်ကျမည့်စရိတ်များနှင့်နှိုင်းယှဉ်တွက်ဆကြည့်ပါက ဆေးပုံမှန်သုံးစွဲခြင်းက တွက်ခြေပိုကိုက်ပါမည်။ Prednisolone
လိုသောက်ဆေးကလည်း ဈေးနှုန်းအားဖြင့်သက်သာသည်မှာ မှန်သော်လည်း သူ့ကြောင့်ဖြစ်လာသည့်ဘေးထွက်ဆိုးကျိုးများကိုလိုက်ကုရမည့်ကုန်ကျစရိတ်က ရေရှည်တွင်ပိုများသွားပါလိမ့်မည်။
တချို့မှာ Inhaler ရှူဆေးသုံးစွဲနေကြသော်လည်း ရင်ကျပ်ချိန်မှရှူရမည့်ရှူဆေးနှင့်ပုံမှန်ရှူရမည့်ရှူဆေးကို မကွဲဘဲ စနစ်တကျသုံးစွဲခြင်း မရှိသည့်အတွက်ရောဂါမသက်သာသည်များရှိတတ်ပါသည်။ တချို့ကမူရှူဆေး ရှူပုံမမှန်သောကြောင့်မသက်သာခြင်းများလည်းရှိပါသည်။ ထို့ကြောင့်လည်းဆရာဝန်ညွှန်ကြားသည့်အတိုင်းစနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။ တချို့ဆေးမရှူတတ်သူများအတွက်ပြောင်းဟုအလွယ်ခေါ်ကြသော Spacer များတဆင့်ခံသုံးစွဲရန်ရှိပါသည်။ တချို့မှာမူInhaler အဆင့်နှင့်မရတော့သောကြောင့်သောက်ဆေးသောက်သုံးရသည်များ ရှိတတ်ပါသည်။ မကြာခဏဆေးသွားထိုးခြင်းသည်လည်း အခန့်မသင့်လျှင်ထိုးဆေးတချို့ကြောင့်Prednisolone ၏ဘေးထွက်ဆိုးကျိုးကဲ့သို့ဆိုးကျိုးများဖြစ်ပေါ်တတ်ရာ မလိုအပ်ဘဲ ဆေးထိုးမိအစား ကျွမ်းကျင်သောဆရာဝန်နှင့်စနစ်တကျ ကုသမှုခံယူသင့်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်ရင်ကျပ်ရောဂါများသည်ရှောင်ကြဉ်သင့်သည်များကိုစနစ်တကျမရှောင်ကြဉ်ပါက ရောဂါသက်သာမည်မဟုတ်သလို ဆေးများကိုလည်း စနစ်တကျ မသုံးစွဲပါက ရောဂါမသက်သာခြင်း၊ ဘေးထွက်ဆိုးကျိုးများခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
Inhaler ခေါ် ရှူဆေးသည်လည်းနောက်ဆုံးအဆင့်ဆေးမဟုတ်ဘဲ စသုံးသင့်သော ဆေးဖြစ်သည်။ ရှူဆေးများတွင်လည်းအမျိုးအစားပေါ်မူတည်ပြီး ရင်ကြပ်မှရှူရန်လိုသော ဆေးနှင့်ပုံမှန်ရှူရမည့်ဆေးစသည်ဖြင့်ရှိရာဆရာဝန်ညွှန်ကြားမှုကို သေချာ မမှတ်သား မလိုက်နာဘဲ ပုံမှန်ရှူသင့်သည်ကို ပုံမှန်မရှူ၊ ကြပ်မှရှူသင့်သည်ကိုပုံမှန်ရှူနေပါကလည်း ထိရောက်မည်မဟုတ်ပါချေ။ ထို့ကြောင့်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကိုသေချာစွာ လိုက်နာကုသသွားကြပါရန်အသိပေးလိုက်ရပါသည်။
(Hello ဆရာဝန်မှ ကူးယူဖော်ပြပါသည်။)
ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/article/2121

ပန်းနာရင်ကျပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကျပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကျပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။

လေ့ကျင့်ခန်းလုပ်ခြင်း
ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကျပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း ကျဉ်းပြီး ပန်းနာရင်ကျပ်လက္ခဏာများ အစပျိုး လာသည်။
သို့သော်လည်း အားကစားအားလုံးသည် ပန်းနာရင်ကျပ်ရှိသူများကို ဆိုးစေသည်ဟု မဆိုလိုပါ။ ကြာရှည်စွာ ဆော့ရသော အားကစားများနှင့် အေးသောနေရာများတွင် ဆော့ရသော အားကစားများကို သာ ရှောင်သင့်ပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် မည်သူအတွက်မဆို ကောင်းသော အပန်းဖြေခြင်းတစ်ခု မဟုတ်ပါ။ ပန်းနာရင်ကျပ်ရှိသူများအတွက် ဆေးလိပ်သောက်ခြင်းသည် အလွန်အမင်း အဆိပ်ဖြစ်စေပါသည်။ စီးကရက် အငွေ့တွင် ဓါတုဗေဒ ပစ္စည်းများ၊ အန္တရာယ်ရှိသော အငွေ့များ များစွာပါဝင်သည်။ ထိုအငွေ့များသည် အဆုတ်များကို ရောင်ရမ်းစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းသည် မွေးကင်းစ ကလေးငယ်များတွင် ပန်းနာရင်ကျပ်ဖြစ်စေသည်ဟု သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။
အိမ်မွေးတိရစ္ဆာန်များ မွေးခြင်း
တိရစ္ဆာန်များသည် ချစ်ဖို့ကောင်းပြီး သူတို့ကို ဖက်ရသည် မှာ ခေါင်းအုံးကို ဖက်ရသကဲ့သို့ ခံစားရသည်။ သဘောကောင်း ပြီး အန္တရာယ်မရှိသော်လည်း အိမ်မွေးတိရစ္ဆာန်များ၏ အရေပြား၊ အမွေး၊ တံတွေးနှင့် အညစ်အကြေးများသည် ပန်းနာရင်ကျပ်ကို ဆိုးရွားစေသော စာရင်းတွင်ပါဝင်သည်။ ဖြစ်နိုင်ခြေနည်းစေရန် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း ကို ကြိုးစားရှောင်ပါ။
အိမ်တွင်း ဥယျာဉ် စိုက်ပျိုးခြင်း
သစ်ပင်များသည် အောက်စီဂျင်ထုတ်ပြီး လေကို သန့်စင်ပေးသည်ကို ကျွန်တော်တို့အားလုံး သိပါသည်။ အိမ်အတွင်းတွင် အပင်များစိုက်ခြင်းသည် သင့်တော်သော ရွေးချယ်မှု တစ်ခုဖြစ်ပုံပေါ်သည်။ အမှန်တော့မဟုတ်ပါ။ အချို့ပန်းနာရင်ကျပ်ရောဂါရှိသူများသည် ပန်းများမှ ဝတ်ဆံမှုန်ကို ဓါတ်မတည့်ကြပါ။ ဝတ်ဆံမှုန်ကို ရှုမိပါက ဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါ ဖောက်မှု ဖြစ်စေသည်။ ထို့အပြင် လူအများစုသည် အပင်များကို အမှန်တကယ် ဂရုစိုက်ရန် အချိန်မရှိပါ။ ရေကို အလွန်လောင်းနိုင်သည်။ နေရောင်တိုက်ရိုက်မရဘဲ ထားကာ သစ်ရွက်ဟောင်းများကို ချက်ချင်း လွှတ်ပစ်နိုင်သည်။ ၎င်းသည် မှိုများပေါက်စေပြီး လူတိုင်း၏ ကျန်းမာရေး အခြေအနေအတွက် မကောင်းပါ။
ပြင်းထန်သော စိတ်ခံစားမှုများရှိခြင်း
ငိုခြင်း၊ အော်ဟစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်းသည် ပန်းနာရင်ကျပ်ရောဂါ ဖောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို ပြင်းထန်သော စိတ်ခံစားမှုများသည် သင်၏ နှလုံးခုန်သံကို ပိုမြန်စေသည်။ အသက်ရှူ ပိုမြန်စေပြီး အသက်ရှူလမ်းကြောင်းကို ကျုံ့စေသည်။ ငိုခြင်း၊ အော်ဟစ်ခြင်းသာမက အလွန်အမင်း ရယ်မောခြင်းသည်လည်း အလားတူ တုံ့ပြန်ခြင်းကို ဖြစ်စေနိုင်သည်။
နိဂုံးချုပ်ဆိုရသော် ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပါက သင်သည် အခြားလူများထက် ပတ်ဝန်းကျင်အချက်များကို ပိုပြီး ထိခိုက်လွယ်စေသည်။ သင်သည် သင့်ခန္ဓါကိုယ်ကို ပိုပြီး ဂရုစိုက်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများ အားလုံးကို စောင့်ကြည့်ပြီး သောက်ရန် ညွှန်ကြားထားသော ဆေးများကို သောက်ပါ။ အကောင်းမြင်စိတ် ထားပါ။ ပန်းနာရင်ကျပ်သည် သင်၏ အပြင်ထွက်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပါးခြင်း၊ သက်တမ်းစေ့ နေခြင်းကို မတားဆီးနိုင်ပါ။

အဆုတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အဆုတ်ကျန်းမာရေးကောင်းမှသာ body အတွက်လိုအပ်သော အောက်စီဂျင်ဓါတ်ကို သွေးမှတစ်ဆင့် ပြည့်ပြည့်ဝဝရရှိမှာပဲဖြစ်ပါတယ် ။ချောင်းဆိုးခြင်းအပြင် တစ်ခြားလက္ခဏာများဟာ အဆုတ်အတွက် အရေးကြီးတာကြောင့် သိထားသင့်ပါတယ်။ အောက်ပါလက္ခဏာ ၇ ချက်ဟာ အဆုတ်ကျန်းမာရေးပြဿနာကို ရည်ညွှန်းနိုင်တဲ့အတွက် သတိပြုထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
၁။ မောပန်းနေခြင်း

အဆုတ်တွင်း ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာကို များစွာထိခိုက်စေပါတယ်။ တုတ်ကွေး၊ ဖျားနာရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာကို ဒုက္ခပေးတဲ့ရောဂါတွေပါ။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့က တုတ်ကွေးဖျားနာကို ပိုဖြစ်စေနိုင်ပါတယ်။ အဆုတ်ရဲ့ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်တဲ့လုပ်ငန်းကို ထိခိုက်စေတဲ့အတွက် မောပန်းလွယ်လာမှာ ဖြစ်ပါတယ်။ မောပန်းလွယ်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းရှိလာပြီဆိုလျှင် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြစ်တဲ့အတွက် လိုအပ်သော ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။
၂။ အသက်ရှူမဝခြင်း
သင့်ရဲ့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာ ပြုလုပ်နေစဉ်တောင် အသက်ရှူမဝဖြစ်နေလျှင်၊ ပင်ပန်းစွာ အသက်ရှူနေရသည့်အပြင် ချောင်းဆိုးခြင်းပါ ခံစားရလျှင် သင့်မှာ အဆုတ်ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်ပါတယ်။ အသက်ရှူမဝခြင်းခံစားရပြီး တစ်နေ့တာလုပ်ငန်းဆောင်တာများ ကောင်းစွာမလုပ်ဆောင်နိုင်ပါက ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
၃။ အသက်ရှူထုတ်သံ တရွှီရွှီကြားရခြင်း
အသက်ရှူသံတွေမှာ တရွှီရွှီမြည်သံကြားနေရပါက လေပြွန်သို့မဟုတ် အဆုတ်တွင်းလေအိတ်များ ပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ်။ နာတာရှည်အဆုတ်ရောင်ရောဂါကဲ့သို့သော အဆုတ်ရောဂါများက တရွှီရွှီမြည်စေမှာဖြစ်ပါတယ်။ ဒါ့အပြင်ပန်းနာရင်ကျပ်ရောဂါဟာလည်း တရွှီရွှီမြည်သံကြားရသည့်အပြင် ချောင်းဆိုးခြင်း၊ မောပန်းခြင်းများခံစားရနိုင်ပါတယ်။
၄။ ချောင်းဆိုးသွေးပါခြင်း
ချောင်းဆိုးသွေးပါခြင်းဟာ အန္တရာယ်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ သွေးအရောင်မှာ အနီရဲရဲ၊ အညိုရောင် သို့မဟုတ် သံချေးရောင် အစရှိသည့်အရောင်များဖြစ်နိုင်ပါတယ်။ ချောင်းဆိုးသွေးပါခြင်းဟာ တီဘီရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ အဆုတ်ပွရောဂါနှင့် အရေးအကြီးဆုံး အဆုတ်ကင်ဆာရောဂါများ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာဟာ အရေးကြီးတာကြောင့် ဆရာဝန်နှင့် မဖြစ်မနေသွားပြရမယ့် လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။
၅။ ရုတ်ရက် ခြေထောက်မှနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
စစချင်း ဒီလက္ခဏာဟာ အဆုတ်နှင့် ဘာမှမသက်ဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သွေးပြန်ကြောအတွင်း သွေးခဲခြင်း၊ ခြေထောက်တွင်း သွေးပြန်ကြောသွေးခဲခြင်း လက္ခဏာဖြစ်နိုင်ပါတယ်။ နာတာရှည်အိပ်ယာတွင်း လဲသူများ၊ လှုပ်ရှားမှုအားနည်းသူများ အစရှိသူများမှာ ခြေထောက်တွင်း သွေးခဲမှုဖြစ်လာလျှင် ခြေသလုံးရုတ်တရက်နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ လမ်းလျှောက်စဉ်ခြေသလုံးကြွက်သားမှ အောင့်ခြင်းဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲဟာ လှုပ်ရှားမှုပြုလုပ်စဉ် ပြုတ်ထွက်သွားနိုင်ပြီး သွေးပြန်ကြောမှတစ်ဆင့် အဆုတ်အတွင်း ဝင်ရောက်ပိတ်ဆို့နိုင်ပါတယ်။ အဆုတ်တွင်းသွေးခဲပိတ်ခြင်းရောဂါဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ ရုတ်တရက်မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း ခံစားရတတ်ပါတယ်။
အဆုတ်ကျန်းမာရေး ဂရုစိုက်စို့
အရေးအကြီးဆုံးနှင့် ကိုယ်ကိုကိုယ်လုပ်ဆောင်နိုင်တဲ့အချက်က ဆေးလိပ်ကို ရှောင်ကြဉ်ဖို့ပါ။ အဆုတ်ဟာ သင့် body ကို အောက်စီဂျင်ပေးတဲ့အပြင် မကောင်းသောအဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးတဲ့ အရေးကြီးတဲ့ အင်္ဂါပါ။ ဆေးလိပ်အပြင် ထိခိုက်စေသော ဖုန်မှုန့်များ၊ မီးခိုးငွေ့များကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Credit: ဒေါက်တာကောင်း
Ref-https://www.rd.com/health/wellness/signs-of-lung-disease/
(Healthcare.com.mm မှ ကူးယူဖော်ပြပါသည်။)