ငရုတ်ကောင်းဆိုသည်မှာ ဟင်းခတ်အမွှေးအကြိုင်များတွင် လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွင် ငရုတ်ကောင်း၏ အရသာသည် ပူစပ်ဆိမ့်အရသာဖြစ်သည်။ အနံ့စူးရှပြီး တေဇောဓာတ်၊ အာကာသဓာတ်နှင့် အားဖြစ်စေသည့် ပထဝီဓာတ်လည်းရှိသည်။ ခန္ဓာကိုယ်ပူနွေးစေသည့် အပူအပွင့်ဓာတ်ကို ရရှိစေပြီး အအေးဒဏ်ကိုလည်း ကာကွယ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငရုတ်ကောင်းကို နေ့စဉ် စားသုံးကြခြင်းဖြစ်သည်။ ငရုပ်ကောင်းစားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဗဟုသုတဖြစ်စေရန် ဖော်ပြပေးပါမည်။

ငရုတ်ကောင်းတွင် “ပိုက်ပါရင်း” ဟူသည့်ဒြပ်ပါဝင်သောကြောင့် စိတ်ကျရောဂါခံစားနေရသူများအတွက် ဦးနှောက်၏လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး မှတ်ဉာဏ် ကောင်းမွန်စေသည်။ သုတေသနဖော်ပြချက်များအရ နေ့စဉ် ငရုတ်ကောင်းအနည်းငယ်ကို ပုံမှန်စားပေးခြင်းဖြင့် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေသည်။ ငရုတ်ကောင်းသည် အက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေသည်။ လေလည်စေပြီး ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိသောကြောင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ကင်းစင်စေသည်။
ငရုတ်ကောင်းတွင် အဆီဆဲလ်များကိုပြိုကွဲစေပြီး ကိုယ်အလေးချိန်ကျမှုကို မြန်ဆန်စေသည်။ ငရုတ်ကောင်းတွင် ချောင်းဆိုးခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေသည်။ ချောင်းအရမ်းဆိုးနေသည့်အချိန်တွင် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနှင့်ရော၍စားပေးလျှင် သက်သာစေနိုင်သည်။
နှလုံးသွေးကြောနံရံများတွင် သွေးတွင်းအဆီများကို ငရုတ်ကောင်းက ဖယ်ရှားပေးနိုင်သည်။ ငရုတ်ကောင်းတွင် သွားကိုက်ခြင်းနှင့် သွားဖုံးရောဂါများကိုလည်း သက်သာစေသည့် အာနိသင်ရှိသည်။ ထို့ပြင် ပိုးမွှားများကို သေစေနိုင်သည့် အာနိသင်ရှိသောကြောင့် ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်သည်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ရန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တွင် ထည့်၍မွှေပြီး ဦးရေပြားတွင်လိမ်း၍ နာရီဝက်ခန့် နှပ်ထားပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါသည်။ ငရုတ်ကောင်းမှုန့်ကို နှမ်းဆီအနည်းငယ်ဖြင့် အရေပြားတွင် လိမ်းပေးလျှင် သွေးလည်ပတ်မှုကောင်းစေပြီး အဆစ်နာဝေဒနာများကို သက်သာစေသည့် အပြင်ယူရစ်အက်စစ်ကိုလည်းလျော့ပါးစေသည်။
ငရုပ်ကောင်းတွင် ကောင်းကျိုးများစွာရှိသည်ဆိုသော်လည်း နာတာရှည် အစာအိမ်ဝေဒနာရှင်များအနေဖြင့် လုံးဝစားသုံးရန် မသင့်လျော်သည့် အစားအစာပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကိုးကား-မြန်မာ့တိုင်းရင်းဆေးသုတေသနဌာန၊ Helloဆရာဝန်
ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
Photo: Pinterest

အိုးခွက်ပန်းကန်များသည် လူတို့အဖို့ မရှိမဖြစ်သော ပစ္စည်းများဖြစ်သည်။ ရှေးမြန်မာတို့သည် အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် မြေအိုး၊ မြေခွက်၊ မြေပန်းကန်လုံး များကို တီထွင်ဆန်းသစ်လုပ်ကိုင်ခဲ့ရာမှ မြေအိုးလုပ်ငန်း ထွန်းကားခဲ့ဟန်တူသည်။ ရှေးယခင်က မြန်မာ မီးဖိုချောင်များတွင် မြေအိုး၊ မြေခွက်၊ မြေပန်းကန်၊ မြေဇလုံ တို့ကို ထမင်းဟင်း ချက်ပြုတ်ရန်အပြင် ဆား၊ နနွင်း၊ အရောင်တင်၊ ငပိ၊ ငရုပ်သီးမှုန့် စသည်တို့ကို ထည့်၍ အသုံးပြုခဲ့ကြသည်။ ယခုအခါ မြို့နေ လူတန်းစားများအနေဖြင့် မြေအိုး၊ မြေခွက်နှင့်ပက်သက်၍ မီးဖိုချောင်ထဲတွင် သောက်ရေအိုး တစ်မျိုးတည်း ကိုသာ အသုံးပ
အိုးခွက်ပန်းကန်များသည် လူတို့အဖို့ မရှိမဖြစ်သော ပစ္စည်းများဖြစ်သည်။ ရှေးမြန်မာတို့သည် အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် မြေအိုး၊ မြေခွက်၊ မြေပန်းကန်လုံး များကို တီထွင်ဆန်းသစ်လုပ်ကိုင်ခဲ့ရာမှ မြေအိုးလုပ်ငန်း ထွန်းကားခဲ့ဟန်တူသည်။ ရှေးယခင်က မြန်မာ မီးဖိုချောင်များတွင် မြေအိုး၊ မြေခွက်၊ မြေပန်းကန်၊ မြေဇလုံ တို့ကို ထမင်းဟင်း ချက်ပြုတ်ရန်အပြင် ဆား၊ နနွင်း၊ အရောင်တင်၊ ငပိ၊ ငရုပ်သီးမှုန့် စသည်တို့ကို ထည့်၍ အသုံးပြုခဲ့ကြသည်။ ယခုအခါ မြို့နေ လူတန်းစားများအနေဖြင့် မြေအိုး၊ မြေခွက်နှင့်ပက်သက်၍ မီးဖိုချောင်ထဲတွင် သောက်ရေအိုး တစ်မျိုးတည်း ကိုသာ အသုံးပြုနေသေးသည်ကို တွေ့ရသည်။ သို့သော်လည်း ပလက်စတစ်ရေသန့်ဗူးများဖြင့် ရေဝယ် သောက်ကြသော ယဉ်ကျေးမှုတစ်ခု စိမ့်ဝင်လာသောကြောင့် မြေထည်သောက်ရေအိုးများကိုပင် အိမ်တိုင်း တွင် မတွေ့ရတော့ပေ။ မျက်မှောက်ခေတ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး၊ ဒယ်နီအိုး၊ သုံးမိနစ်ရေနွေးအိုး လျှပ်စစ်အသားပေါင်းအိုး၊ ဒန်အိုး၊ သတ္တုအိုး စသည်တို့ဖြင့် လွယ်ကူစွာ ချက်ပြုတ်လာကြသဖြင့် မြေအိုးဖြင့် ထမင်းချက်ခြင်း၊ ဟင်းချက်ခြင်း၊ ရေနွေးကျိုခြင်း၊ အသား/ငါးပေါင်းခြင်းစသည်တို့ကို ယနေ့ခေတ်လူငယ်များ မမြင်ဖူးကြတော့ချေ။ မြို့ပြမိသားစုများအနေဖြင့် မြေအိုးဖြင့် ချက်ပြုတ်သော ထမင်း၊ ဟင်းများကို စားသောက်လိုပါက ငွေကြေး အကုန်အကျခံကာ “မြေအိုးထမင်းဆိုင်”၊ “မြေအိုးမူကထ”၊ “မြေအိုး မြီးရှည်”စသည်တို့ကိုသာ သွားရောက်စားသောက်ကြရသည်။ ထို့ပြင် အချို့အရပ်ဒေသများတွင် နို့မလိုင် များကို မြေအိုးလေးများဖြင့် ထည့်သွင်းရောင်းချကြသကဲ့သို့ ထန်းတောများတွင် ထန်းရည်ကို မြေအိုးဖြင့် ထည့်ရောင်းကြမှုများကြောင့် စားသုံးသူများအနေဖြင့် သဘာဝ၏အငွေ့အသက်များကို ခံစားရရှိနိုင်မည်ဖြစ်သည်။
အမဲသား၊ ကြက်သား၊ ငါး စသည်များကို မြေအိုးဖြင့် ထည့်ပြီး မီးသွေးဖိုဖြင့်ချက်ပြုတ်လျှင် ယနေ့ခေတ် လျှပ်စစ်ဟင်းပေါင်းအိုးများဖြင့် ချက်သည်ထက် ပို၍စားလို့ကောင်းသည်။ မြေအိုးဖြင့် ချက်သော ထမင်းနှင့် ထမင်းပေါင်းအိုးဖြင့်ချက်သော ထမင်း/ဟင်းတို့အကြား ကွဲပြားခြားနားချက်မှာ အာဟာရပါဝင်မှုနှင့် အရသာ ပင်ဖြစ်သည်။ မြေအိုးဖြင့် အသုံးပြုချက်ပြုတ်စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန် သင့်လျော်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။ ယနေ့ခေတ် လျှပ်စစ်မီးပြတ်တောက်နေချိန် များတွင် ထမင်းဟင်းများကို မြေအိုးတွင်ထည့်ပြီး ထင်းအစားထိုး လောင်စာတောင့်ဖြင့် ချက်ပြုတ်ခြင်းဖြင့် မီးဖိုချောင်စရိတ်ချွေတာနိုင်မည်ဖြစ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်မည်ဖြစ်သည်။ မြန်မာမိသားစုတိုင်း၏ မီးဖိုချောင်ထဲတွင် ပြည်တွင်းထုတ်ကုန် ရိုးရာမြေအိုးများကို သုံးစွဲကြမည်ဆိုလျှင် နောင်လာ/ နောက်သားတို့ အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုကို ထိန်းသိမ်းပြီးသားဖြစ်မည်မှာ ဧကန်မလွဲပင်ဖြစ်သည်။
ဤသို့ဖြင့် မြေအိုးရောင်းဝယ်ဖောက်ကားမှု တွင်ကျယ်လာပြီး ဒေသတွင်းအိုးလုပ်ငန်းလုပ်ကိုင်သူများ၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည့်အပြင် မြေထည်အိုးများသည်လည်း ပြည်တွင်းထုတ်ကုန် တစ်ခုအဖြစ် ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။ မြန်မာမီးဖိုချောင်များထဲမှ မြေအိုးယဉ်ကျေးမှု ပြန်လည် ထွန်းကားလာစေရန်နှင့် တည်တံ့စေရန်အတွက် “အိုးပုတ်ပွဲတော်” ပြုလုပ်ပေးသကဲ့သို့ မီးဖိုချောင်သုံး “မြေအိုးပွဲတော်”ကိုလည်း ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်တစ်ခုအဖြစ် ပြုလုပ်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ

ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ
ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ကုန်များတွင်ပါ ထည့်သွင်းဖော်စပ်လာကြသည်။
ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် ဆံပင်ပေါက်မြန်စေပြီး သန်စွမ်း နက်မှောင်စေသည်။ ထို့ကြောင့် ဦးရေဖျားဆိုင်ရာထုတ်ကုန်များတွင် ထည့်သွင်းဖော်စပ်ထုတ်လုပ်လာကြခြင်း ဖြစ်သည်။ ထိခိုက်ရှနာများ၊ ဆီပူ/မီးပူဒဏ်ရာများရရှိသည့်အခါ ရှားစောင်းလက်ပပတ်ဂျယ် အနည်းငယ်ဖြင့် ပွတ်လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေသည်။ ထို့ပြင် ပါးစပ်အတွင်းရှိအနာများနှင့် နှုတ်ခမ်းကွဲခြင်းများကို ရှားစောင်းလက်ပတ်ဂျယ်အနည်းငယ် သုတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ရှားစောင်း လက်ပတ်တွင် အသားအရေကို ချေးချွတ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် မျက်နှာပေါ်ရှိ အရေး အကြောင်းများနှင့် အစက်အပျောက်များကို ပျောက်ကင်းစေပြီး အသားအရေချောမွတ်စေသည်။
ရှားစောင်းလက်ပတ်သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိသည်ဆိုသော်လည်း ရှားစောင်း လက်ပတ်နှင့် ဓာတ်မတည့်သူများအတွက် အသုံးမပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ ဆီးချိုရောဂါရှိနေသူများ သောက်သုံးမိပါက သွေးတွင်း သကြားဓာတ်ကိုလိုအပ်သည်ထက် သိသိသာသာ ကျဆင်းသွားစေနိုင်သည်။ ရှားစောင်းလက်ပတ်ဖျော်ရည် ကို ပညာရှင်များ အကြံပြုထားသည့် ပမာဏထက် ပိုမိုသောက်သုံးပါက ရေဓာတ်ခန်းခြောက် စေနိုင်သည့် အပြင် ဆီးအရောင်ကိုပါ ပြောင်းလဲသွားစေနိုင်သည်။ ထို့ပြင် ရှားစောင်းလက်ပတ်နှင့် ဖော်စပ်ထားသော ဝမ်းနှုတ်ဆေးများသည် ရေဓာတ်အများအပြား ဆုံးရှုံးစေနိုင်မည့်အပြင် အူလမ်းကြောင်း လုပ်ဆောင်ချက် များကို အဟန့်အတားဖြစ်စေသည်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို လိုအပ်သည်ထက်ပို၍ သောက်သုံး ပါက ခန္ဓာကိုယ်အတွင်းရှိ ပိုတက်စီယမ်ပမာဏကို လျော့နည်းစေနိုင်ပြီး ခေါင်းကိုက်စေနိုင်သည်။ ရှားစောင်း လက်ပတ်ဖျော်ရည်သည် ယားယံစေတတ်သောကြောင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ အကြောင်းမှာ သားအိမ်ကျုံ့ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် အစာအိမ်ရောဂါရှိသူများနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ လည်း ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးရန် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆိုသော် နာတာရှည်ရောဂါများအတွက် အသုံးပြုသော ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည်။ ရှားစောင်း လက်ပတ်ဂျယ်သည် အသားအရေအများစုတွင် အသုံးပြုရန်သင့်တော်သော်လည်း ဓာတ်မတည့်သူများ သုံးလျှင် မျက်လုံးနီခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အရေပြားတွင် လိမ်းခြယ်၍ဖြစ်စေ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ဖြစ်စေ မိမိတို့၏ ရောဂါဟောင်းများပေါ်တွင် ချင့်ချိန်၍သုံးစွဲသင့်ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။
ကိုးကား-Helloဆရာဝန်၊ OnDoctor ၊ Drmyanmar

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရ
၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရာမလိုဘဲ ချက်ချင်းစုပ်ယူနိုင်သောကြောင့် အစာအိမ်ရောဂါသမားများ၊ သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျှော်သည်။ အိမ်ကြက်ဥဖြစ်စေ၊ မွေးမြူရေးကြက်ဥဖြစ်စေ အာဟာရတန်ဖိုးချင်းက အတူတူပင်ဖြစ်သည်။
၂။ လူအများစုက ကြက်ဥအနှစ်စားလျှင် ကိုလက်စထရော(အဆီဓာတ်)တက်သည်၊ နှလုံးသွေးကြောကျဉ်းသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ပြောကြားချက်အရ လူတစ်ဦးက တစ်နေ့လျှင် ကိုလက်စထရော ၃၀၀ မီလီဂရမ်အထိ စားနိုင်သည်ဟု ဆိုထားသည်။ ကြက်ဥတစ်လုံးတွင် ကိုလက်စထရော ၁၈၀ မှ ၂၀၀ မီလီဂရမ်ပါရှိသဖြင့် မွေးရာပါ ကိုလက်စထရောတက်သည့် ရောဂါရှိသူမှလွဲ၍ မည်သည့်ရောဂါသည်မဆို တစ်နေ့လျှင် ကြက်ဥတစ်လုံး စိတ်ချလက်ချ စားသုံးနိုင်ပါသည်။ တစ်နေ့လျှင်ကြက်ဥတစ်လုံးစားသုံးပေးရုံဖြင့် အယ်လ်ဇိုင်းမားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည့်ပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေသည်။ မျက်စိချို့ယွင်းခြင်းကို ကာကွယ်ပေးပြီး နေရောင်ခြည်တွင် ပါဝင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးနိုင်သည်။
၃။ ကြက်ဥတစ်လုံးတွင် ပရိုတိန်း ၆ ဂရမ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည်။ ထို့ကြောင့် ကလေးငယ်များကို အသက် ၆ လပြည့်သည်နှင့် ခန္ဓာကိုယ်ကြီးထွားပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ကြက်ဥကို နေ့စဉ်ကျွေးသင့်သည်။ အမျိုးသမီးများတွင် သွေးဆုံး ပြီးသည့်အခါ မဟော်မုန်းဓာတ် အီစထြိုဂျင် မထုတ်ပေးနိုင်တော့ပေ။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အရိုးပါးခြင်း၊ အရိုးပွခြင်းများ၊ ဖြစ်လာတတ်သည်။ ထို့ကြောင့် ကြက်ဥကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အရိုးများကို ပြန်လည်သန်စွမ်းပါသည်။
၄။ ကြက်ဥစားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိသည်ဆိုသော်လည်း ကြက်ဥစားသုံးရာတွင် သတိပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ကြက်ဥကို အစိမ်းသောက်ခြင်းက ချက်ပြုတ်စားသောက်ခြင်းထက် ပိုအားရှိသည်ဟု လူအများက လက်ခံထားကြသည်။ မှန်သင့်သလောက် မှန်သည်။ သို့သော် အစိမ်းသောက်သည့်အခါ ရောဂါပိုးမျာ ခန္ဓာကိုယ်ထဲသို့ ဝင်သွားနိုင်သည်။ ကြက်ဥအခွံပေါ်တွင် ကြက်၏ မစင်၊ အစာအဆိပ်သင့်စေနိုင်သည့်ပိုးများနှင့် အခြားရောဂါပိုးများ ရှိနေတတ်သည်။ ကြက်ဥကို ဝယ်လာပြီးလျှင် ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး သန့်ရှင်းသောနေရာတွင် သိမ်းဆည်းရန်လိုအပ်သည်။ ထို့ပြင် ယခုခေတ် မွေးမြူရေးကြက်များမွေးရာတွင် အချိန်မတန်ခင် ကြက်ဥဥရန် ဓာတုဗေဒဆေးဝါးများကို အသားတိုးစေရန် အသုံးပြုကြသောကြောင့် မလိုလားအပ်ဘဲ ရောဂါများဖြစ်စေနိုင်၍ သတိပြုစားသုံးရန် လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ကင်ပွန်းချဉ်ပင်သည် အနွယ်တက်သည့် ချုံပင် တစ်မျိုး ဖြစ်ပြီး ကင်ပွန်းချဉ်ပင်မှ ထွက်သည့် အရွက်ရော အသီးပါ အလွန်ဆေးဖက်ဝင်သည်။ ကင်ပွန်းချဉ်ရွက် သည် ကျန်းမာရေးကောင်းသူများအတွက် အာဟာရ ဖြစ်စေပြီး မကျန်းမာသူ များအတွက်လည်း ဆေးဝါး ဓာတ်စာဖြစ်စေသည့် တန်ဖိုးနည်းဟင်းလျာဖြစ်သည်။ လွယ်ကူစွာချက်ပြုတ်စားသုံးနိုင်သည့် ဟင်းလျာ တစ်မျိုး ဖြစ်ပြီး ဟင်းရည်ချက်သောက်ခြင်း၊ အချဉ်ဟင်းချက် ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုလုပ်နိုင်သည်။

ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ် ချက်ပြုတ် စားသောက် နိုင်သကဲ့သို့ ဆေးဝါးအဖြစ်လည်း အစွမ်းထက်သည့် အရွက်ဖြစ်သည်။ အရွက်နုကို ငရုတ်ကောင်းအရည်တွင် စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသားဝါရောဂါ၊ သည်းခြေရောဂါ တို့ကို သက်သာစေသည်။ အရွက်နုကို ကြိတ်၍ အသည်းရောင်သည့်နေရာကို စိတ်ရှည်လက်ရှည် လိမ်းပေးပါက ရောဂါသက်သာစေသည်။ အရွက်နုကို ကြေညက်အောင်ထောင်း၊ တစ်ညသိပ်ပြီး သကြားအနည်းငယ်ထည့်၍ ရေကျက်အေးဖြင့် နေ့စဉ် မှန်မှန်သောက်ပေးလျှင် ရေဖျဉ်းရောဂါများ ပျောက်ကင်း စေသည်။
ကိုယ်ဖော၊ ကိုယ်ရောင်၊ အူရောင်၊ လေနာရောဂါ စသည် တို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်ပေးပါက ဝမ်းချုပ်၊ လေချုပ်ပျောက်ကင်း၍ ဝမ်းပျော့၊ ဝမ်းမှန်စေ သည်။ ဝမ်းဗိုက်တွင်း လေပွ၊ လေထ၊ လေနာ၊ လေအောင့်၊လေထိုး၊ လေစူးခြင်း တို့ကိုသက်သာစေသည်။
ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်စေသည်။ ဆီးအောင့်၊ ဆီးပူညောင်းကျ၊ ပန်းသေ၊ ပန်းညှိုး ရောဂါ များကိုလည်း သက်သာစေသည်။ သွေးသားကို သန့်စင် စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျို ကြည်လင်ကာ အဆီကျ ပေါ့ပါးစေသည်။ ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူများ အနေဖြင့် ကင်ပွန်းချဉ်ဟင်းရည်ကို အမြဲစားပေးသင့် သည်။
နှလုံးရောဂါရှိသူများအနေဖြင့်လည်း ကင်ပွန်းချဉ်ရွက် ၅ ကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျိုချက်၍ တစ်နေ့ ၃ ကြိမ်မှီဝဲသင့်သည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါရှိသူများနှင့် အူရောင်ရောဂါရှိသူများအတွက် ကင်ပွန်းချဉ်ရွက်ကို အချဉ်ဟင်း ချက်၍စား ပေးသင့် သည်။ နေမကောင်းသူများ၊ ခံတွင်းပျက်သူများကို ဆေးဝါးဓာတ်စာအဖြစ် စားသုံးစေနိုင်သည်။ ကင်ပွန်း ချဉ်ရွက်ဟင်းရည်သည် လူတိုင်းစားသုံး၍ သင့်တော်ပြီး ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကင်ပွန်းချဉ်ရွက်ကို အသား၊ငါး တစ်မျိုးမျိုးဖြင့်ရောနှော၍ ကြော်စားလျှင်ထမင်းမြိန်စေသည်။
ကင်ပွန်းချဉ်ရွက်သည် အထက်ဖော်ပြပါ ကျန်းမာရေး အတွက် ဆေးဖက်ဝင်အစွမ်းများရှိ သကဲ့သို့ ကင်ပွန်းသီး သည်လည်း လူတို့အတွက် များစွာအသုံးဝင်သော ဆေးဖက်ဝင်သော အသီး တစ်မျိုးဖြစ်ပေသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကပင် သဘာဝအတိုင်း ဆံသားထိန်းသိမ်းသည့်နေရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ကင်ပွန်းသီးတွင် ဆံသားကို နက်မှောင်သန်စွမ်းစေသည့် ဆာဖိုနင်ဓာတ် ပါဝင်သည်။ ထို့ပြင် ကင်ပွန်းသီးကို လောကီရေးရာတွင် ကံမြင့် ၊ကံတင့် စေရန်လည်း အသုံးပြုကြသေးသည်။ ပျူခေတ်က ဒွတ္တဘောင်မင်းကြီး ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေချိန်တွင် ကင်ပွန်းပင်အောက် ဝင်ရောက် နားခိုနေစဉ် မိုးသက်လေပြင်းကျရောက်သည့်အခါ ကင်ပွန်းပင် အားဖြတ်သန်း၍ စီးလာသောရေများသည် မင်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လေသည်။ ထိုအခါ ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေသောဒွတ္တဘောင်မင်းကြီးမှာ မျက်စိနှစ်ကွင်း အလင်းရခဲ့သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကံမြင့်၊ကံတင့်စေရန် မြန်မာနှစ်သစ်ကူး သင်္ကြန်အချိန်အခါများတွင် နှစ်သစ် ကို ကင်ပွန်းသီးခေါင်းလျှော်ရည်ဖြင့် ခေါင်းဆေး မင်္ဂလာ ပြုနေကြသည်မှာယနေ့တိုင်ဖြစ်သည်။
ကင်ပွန်းသီးသည် ဆံသားအတွက်သာမက ခန္ဓာကိုယ် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပေးသည်။ ဆပ်ပြာအစား ကင်ပွန်းသီးကို အသုံးပြု ပေးမည်ဆိုပါက အရေပြားကိုအေးမြ လန်းဆန်းစေ မည့်အပြင် ခြောက်သွေ့မှုကင်းဝေးပြီးနူးညံ့စေပါသည်။ ကင်ပွန်းသီးကို ဝက်ခြံများနှင့် ဆားဝက်ခြံများ သက်သာ စေရန်အတွက် အသုံးပြုနိုင်သည်။ မျက်နှာအသားအရေ ကိုလည်း ပိုမိုတောက်ပစေသည်။ ယခုအခါ ဈေးကွက် ထဲတွင် ကင်ပွန်းသီးဆပ်ပြာဟူ၍ပင် ထုတ်လုပ်ရောင်းချ သုံးစွဲနေကြပြီဖြစ်သည်။
ကင်ပွန်းသီးသည် အရေပြားနှင့် ဆံသားကျန်းမာရေးကို အကျိုးပြုသည်ဆိုသော်လည်း ကင်ပွန်းသီးနှင့် ဓါတ် မတည့်သူများအနေဖြင့် ကင်ပွန်းသီးကို အသုံးမပြု သင့်ပေ။ အထူးဂရုပြုရမည့် အချက်များမှာ ကင်ပွန်းသီး တွင် ပိုးမွှားများကိုသေစေနိုင်သည့် အစွမ်းရှိသောကြောင့် ဓာတ်မတည့်မှု ဖြစ်စေနိုင်သကဲ့သို့ မျက်ခွံရောင်ရမ်းခြင်း ကိုလည်း ဖြစ်စေနိုင်သည်။ ဝမ်းနူးလွယ်သူများအနေ ဖြင့်လည်း ကင်ပွန်းချဉ်ရွက်ဟင်းကို အမြဲတမ်းချက် စားရန် မသင့်လျော်ပေ။ မည်သို့ပင်ဖြစ်စေ ကင်ပွန်း ချဉ်ရွက်နှင့် ကင်ပွန်းသီးသည် လူတို့အတွက် ဆိုးကျိုး ထက်ကောင်းကျိုးကို ပိုမိုရရှိစေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
ကိုးကား - အင်တာနက်စာမျက်နှာများ
ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကင်ပွန်းချဉ်အကြောင်း ဆက်စပ် link များ https://www.moi.gov.mm/iprd/news/193806
https://sacministry.gov.mm/my/article/1782

အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီး
အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီးဒန့်များက ဆဲလ် များ ပျက်စီးမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုများကို လျော့ချပေးသည်။
ဖရုံစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီး ကင်ဆာတို့ မဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်သည်။ ဖရုံစေ့တွင် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ နှလုံးရောဂါကို ကာကွယ် ပေးခြင်း၊ အရိုးများ ကျန်းမာကြံ့ခိုင်စေခြင်းနှင့် သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင် ပေးသည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ သွေးပေါင်ချိန် မှန်ကန် စေပြီး ကိုလက်စတောပမာဏကို ထိန်းညှိပေးသည်။ ဖရုံစေ့တွင် အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကိုလည်း ကာကွယ်ပေးသည်။
ဖရုံစေ့ကို လှော်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံး၍ရသော်လည်း မနက်စာ မစားမီ ရေစင် စင်ဆေးပြီး အစိမ်းအတိုင်းစားပေးလျှင် ပိုမိုထိရောက်မှု ရှိသည်။

အဝေးမှုန်ခြင်းဆိုသည်မှာ အမြင်အာရုံ ပြဿနာတစ်ခုဖြစ်သည်။ အဝေးမှုန်ခြင်းကြောင့် အနီးအနားရှိ အရာဝတ္ထုများကို ကောင်းမွန်စွာမြင်ရသော်လည်း အဝေးမှ အရာဝတ္ထုများကို တိကျပြတ်သားစွာ မမြင်ရဘဲ ဝါးတားတားဖြစ်ခြင်းများကို ခံစားရနိုင်သည်။ အဝေးမှုန်ခြင်းကြောင့် ခံစားရနိုင်သည့် လက္ခဏာများမှာ ခပ်ဝေးဝေးရှိအရာများကို သဲသဲကွဲကွဲ မမြင်ရခြင်း၊ မျက်လုံးများ ညောင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဝေးရှိအရာများကို အားစိုက်ကြည့်ရခြင်း၊ ခေါင်းကိုက်ခြင်းများကို ခံစားရ နိုင်သည်။

မျက်စိအဝေးမှုန်ခြင်းသည် အရွယ်မရွေး ဖြစ်စေနိုင်သည်။ အဝေးမှုန်စေနိုင်သည့် အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း အဝေးမှုန်ဖြစ်စေနိုင်သည်။ ဥပမာ မိဘနှစ်ပါးက အဝေးမှုန်သောကြောင့် ကလေးတွင် အဝေးမှုန်ဖြစ်စေနိုင်သည်။ အသက်အရွယ်အားဖြင့် အသက် ၆ နှစ် နှင့် ၁၄ နှစ်အကြားတွင် စတင်ဖြစ်ပေါ်နိုင်ပြီး အသက် ၂၀ အရွယ်တွင် ပိုမိုပြင်းထန်လာနိုင်သည်။ အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ မျက်လုံးအရွယ်အစား ပြောင်းလဲခြင်းကြောင့် မျက်စိမှန်ဘီလူးက ပုံရိပ်ဖမ်းခြင်း ပုံမှန် မလုပ်နိုင်သောကြောင့်ဖြစ်သည်။
အာရုံစိုက်ပြီး အနုစိတ်လုပ်ရသည့်အလုပ်များ ပြုလုပ်ခြင်းက အမြင်အာရုံကိုဝန်ပိစေပြီး အဝေးမှုန်ခြင်းမျိုး ဖြစ်စေနိုင်သည်။ အမြင်အာရုံကို ဝန်ပိစေသည့် အကြောင်းအရင်းများမှာ ကွန်ပျူတာကို အနီးကပ်ကြည့်ခြင်း၊ စာအုပ်ကို မျက်လုံးနှင့်ကပ်၍ဖတ်ခြင်း၊ အလင်းရောင် ကောင်းစွာမရသည့်နေရာတွင် စာဖတ်ခြင်း၊ ဖုန်းအသုံးပြုမှုများခြင်း စသည်တို့ပါဝင်သည်။
အဝေးမှုန်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်ရမည့် အချက်များမှာ အမြင်အာရုံကို ဝန်ပိစေသည့် အကြောင်းအရင်း များအပေါ် ဆင်ခြင်နေထိုင်သင့်ပါသည်။ မျက်စိယားယံခြင်း၊ မျက်ရိုးကိုက်ခြင်းများ ဖြစ်ပေါ်လာပါက မသန့်ရှင်းသော လက်ဖြင့်ပွတ်သပ်ခြင်း၊ မသန့်ရှင်းသော အဝတ်များဖြင့် သုတ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်းများကို မပြုလုပ်သင့်ပေ။ မျက်စိသန့်ရှင်းရေးပြုလုပ်ရာတွင် သန့်ရှင်းသောရေဖြင့်သာ ဆေးကြောသန့်ရှင်းသင့် သည့်အပြင် ကျွမ်းကျင်သည့် ဆရာဝန်များမှ ညွှန်ကြားသည့် မျက်စဉ်းဆေးရည်တို့ကိုသာ သုံးစွဲသင့်ပေသည်။ ထို့အပြင် လူအချို့သည် ကွန်ပျူတာဖြင့် အလုပ်လုပ်သည့်အခါ အားပါပြီးအနီးကပ်ကြည့်တတ်ကြသည်။ ထိုသို့ ကြည့်မိသည်ကို သတိထားမိပြီဆိုသည်နှင့် ချက်ချင်းခွာရမည်ဖြစ်သည်။ မျက်စိဆိုသည်မှာ ခန္ဓာကိုယ်၏ အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် အထူးဂရုစိုက်ပေးရန်လိုအပ်ပြီး ကျွမ်းကျင်သည့် မျက်စိအထူးကုဆရာဝန်များဖြင့် တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရေနွေးကြမ်းသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ပညာရှင်များ၏ လေ့လာမှုများအရ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ဆီးချိုဖြစ်ပွားခြင်း၊ သွေးတွင်းရှိ ကိုလက်စထရောကို ကျစေခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အရောင်ကျစေခြင်း၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးခြင်း၊ အင်ဆူလင်ထွက်ရှိမှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင
ရေနွေးကြမ်းသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ပညာရှင်များ၏ လေ့လာမှုများအရ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ဆီးချိုဖြစ်ပွားခြင်း၊ သွေးတွင်းရှိ ကိုလက်စထရောကို ကျစေခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အရောင်ကျစေခြင်း၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးခြင်း၊ အင်ဆူလင်ထွက်ရှိမှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။ ထို့ပြင် ရေနွေးကြမ်းသည် အစာအိမ်၊ အစာရေမြို၊ ခံတွင်း၊ ဆီးကျိတ်၊ အူမကြီး ကင်ဆာများဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု သိရသည်။
သို့သော် ရေနွေးကြမ်းသောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ပညာရှင်များက လေ့လာတွေ့ရှိထားပါသေးသည်။ ရေနွေးကြမ်းသည် သံဓာတ်စုပ်ယူမှုကို အားနည်းစေတတ်သောကြောင့် အစာစားချိန်နှင့် အနည်းဆုံး ၁ နာရီခန့်ခွာ၍ သောက်သုံးသင့်ပါသည်။ ကဖင်းဓာတ် ပါဝင်မှုနည်းသော်လည်း အလွန်အကျွံ သောက်သုံးမည်ဆိုပါက အလန်းလွန်ပြီး ဂနာမငြိမ်ဖြစ်တတ်ပါသည်။ ပဋိဇီဝသောက်ဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေးများ၏စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် သောက်ဆေးများနှင့် ခပ်ခွာခွာ သောက်သုံးသင့်ပါသည်။
အရွယ်ရောက်ပြီး လူကြီးတစ်ယောက်အနေဖြင့် တစ်ရက်လျှင် ရေနွေးကြမ်း ၃/၄ခွက် (၁လီတာ ဝန်းကျင်)ခန့် သောက်သုံးနိုင်ပါသည်။ သို့သော် မိမိကျန်းမာရေးအပေါ် မူတည်ပြီး ချင့်ချိန်၍ သောက်သုံးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ
ပေးပို့သူ-ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပါကင်ဆန်ရောဂါကို အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်းက ဖြစ်ပေါ် ခံစားလာခဲ့ကြရပြီး အိန္ဒိယလို Kampavata ရောဂါလို့ ခေါ်ပါတယ်။ အဲဒီ အချိန်က ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအဖြေ မထုတ်နိုင်ခဲ့ကြသေးပါဘူး။ ၁၈၁၇ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkin-son (၁၇၅၅ - ၁၈၂၄) ဆိုသူက ရောဂါဖြစ်လာရတဲ့အကြောင်းကို လေ့လာဖော်ထုတ် အဖြေရှာနိုင်ခဲ့တာကြောင့် အဲဒီ့ဒေါက်တာရဲ့အမည်ကို အစွဲပြုပြီး ဆေးသိပ္ပံနည်းအရ Parkinson’s disease (PD) လို့ ရောဂါအမည်တပ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။

ပါကင်ဆန်ရောဂါ
ပါကင်ဆန်ဆိုတာ အကြောအားနည်းပြီး ခြေလက်တုန်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ အဲဒီရောဂါက အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ကိုယ်လက်လှုပ်ရှားနိုင်မှုကို ထိခိုက်စေတဲ့ရောဂါဖြစ်ပြီး တဖြည်းဖြည်း အသက်ဆုံးရှုံးခြင်းဆီ ဦးတည်သွားနိုင်ပါတယ်။
ခြေလက်တုန်ခြင်းအပြင်ကြွက်သားများတောင့်တင်းခြင်း၊ ခြေလက်များ ကွေးဆန့်ရာမှာ ပျော့ပျောင်းမှုမရှိတော့ခြင်း၊ လှုပ်ရှားမှုနှေးကွေးလာခြင်းတို့က ပါကင်ဆန်ရောဂါ လက္ခဏာ တွေဖြစ်ပါတယ်။ အဲဒီလက္ခဏာအဆင့်မရောက်မီ အစပျိုးရောဂါအဖြစ် အာရုံခံအင်္ဂါတွေဆုံးရှုံးသွားပြီး နှာခေါင်းအနံ့ခံ မကောင်းတော့ခြင်း၊ ၀မ်းချုပ်လာခြင်း၊ ညဘက်ကောင်းစွာ အိပ်မပျော်ခြင်းတွေကို ခံစားရပါတယ်။
ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံခံဆဲလ်တွေ သေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine (ခေါ်) ဓာတုပစ္စည်းထွက်ရှိမှု နည်းပါးလာပြီး ခြေလက်လှုပ်ရှားမှုတွေကို မူမမှန်စေတော့ပါဘူး။ ဒါကြောင့် PD ရောဂါရင့်လာလေလေ ဦးနှောက်က ခြေလက်တွေကို ထိန်းချုပ်နိုင်မှုစွမ်းအား ကျသွားလေလေဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး PD ရောဂါခံစားရပုံချင်း မတူညီကြပါဘူး။
ပျမ်းမျှအားဖြင့် PD ရောဂါကို (က) tremor (ခေါ်)လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေးရိုး၊ မျက်နှာတို့ တဆတ်ဆတ်လှုပ်သောရောဂါ၊ (ခ) bradykinesia (ခေါ်) လှုပ်ရှားမှု တစတစ နှေးကွေးလာသောရောဂါ၊ (ဂ) rigidity (ခေါ်)ခြေဆံလက်ဆံများ တောင့်တင်းသောရောဂါ၊ (ဃ) postural instability (ခေါ်) မိမိကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်သောရောဂါဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
ရှေ့ပြေးရောဂါလက္ခဏာ
PD ရောဂါဝေဒနာသည်အများစုမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးရောဂါလက္ခဏာများမှာ-
- ခန္ဓာကိုယ်လှုပ်ရှားနေချိန်မှာ မသိသာသော်လည်း အနားယူငြိမ်နေတဲ့အခါမှာ လက်ချောင်း၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက်တို့ တဆတ်ဆတ်လှုပ်နေခြင်း။
- စက္ကူပေါ်စာရေးတဲ့အခါ ပုံမှန်လို မဟုတ်တော့ဘဲ စာလုံးအရွယ်အစားကြီးလာခြင်း သို့မဟုတ် သေးသွားခြင်း သို့မဟုတ် စာလုံးတွန့်စောင်းနေခြင်း သို့မဟုတ် စာလုံးတွေထပ်သွားခြင်း။
- အနံ့ခံအာရုံ သိသိသာသာ ကျဆင်းသွားခြင်း။
- အိပ်မောကျနေစဉ် ခြေထောက်က တစ်ခုခုကိုကန်ခြင်း သို့မဟုတ် လက်သီးဖြင့်ထိုးခြင်း သို့မဟုတ် ခုတင်ပေါ်က ပြုတ်ကျခြင်း သို့မဟုတ် အိပ်မက်ထဲမှာ မိမိကိုယ်မိမိ ကွက်ကွက်ကွင်းကွင်း ပြန်၍မြင်မက်ခြင်း။
- ၀မ်းချုပ်ခြင်း။
- ခါး၊ တံတောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်း စတဲ့ ကြွက်သားများ တောင့်တင်းလာပြီး ယင်းကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အကွေးအဆန့် လှုပ်ရှားမှုတိုင်းမှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။
- လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်းမမှန်ခြင်း၊ လမ်းစလျှောက်စဉ် သို့မဟုတ် ဦးတည်ရာကို ဘယ်/ညာသို့ ချိုးကွေ့ခါနီး သို့မဟုတ် လမ်းလျှောက်မှုကို ရပ်တန့်စဉ် စသည်တို့တွင် ပုံမှန်မဟုတ်တော့ဘဲပြဿနာရှိလာခြင်း။
- မိမိက ပုံမှန်လေသံဖြင့် စကားပြောနေသော်လည်း ပတ်၀န်းကျင်ရှိသူများက မိမိစကားပြောသံကို ခပ်တိုးတိုးအုပ်အုပ်သာကြားရခြင်း သို့မဟုတ် ဗလုံးဗထွေး အသံကြားနေရခြင်း။
- မျက်တောင်မခတ်ခြင်း၊ တစ်နေရာတည်းကို မျက်လုံးသေဖြင့် စိုက်ကြည့်နေတတ်ခြင်း။
- သွေးအားနည်းသလို ခံစားရကာ မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း။
- မတ်မတ်မရပ်နိုင်၊ ကောင်းစွာ မထိုင်နိုင်ဘဲ ပျော့တိပျော့ခွေဖြစ်၍ တစ်ခုခုကို အမှီသဟဲပြုနေရခြင်း။
- စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။
ရောဂါနှင့် အသက်အရွယ်
ပျမ်းမျှ အသက် ၆၀ ကျော်တွင် ပါကင်ဆန်ရောဂါဖြစ်တတ်ကြပြီး အသက်အရွယ်ကြီးလာလေ ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများလေဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ အသက် ၈၀ ကျော် လူဦးရေတစ်သိန်းမှာ ပျမ်းမျှ ၅၀၀ ကနေ ၇၀၀ အထိ ဖြစ်ပွားနေကြောင်း၊ ဆန်းစစ်မှုမှတ်တမ်းများအရ အသက်ငယ်သူတွေမှာလည်း ထိုရောဂါတွေ့ရတတ်ပြီး ပျမ်းမျှ ပါကင်ဆန်လူနာ ၁၀၀ မှာ အသက် ၄၀ အောက်အရွယ် ၇ ရာခိုင်နှုန်းလောက် ရောဂါဖြစ်နေကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူပေါင်း ၁၀ သန်းအထိ ခံစားနေကြရကြောင်း ဆေးပညာရှင်များရဲ့အဆိုအရ လေ့လာသိရှိရပါတယ်။
ရောဂါဖြစ်ရသောအကြောင်းရင်းများ ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ မျိုးရိုးဗီဇ နှင့် ပတ်၀န်းကျင်ပြဿနာတို့ကြောင့်ဖြစ် ပါတယ်။ မိမိဆွေမျိုးရင်းချာတွေထဲမှာ အဲဒီရောဂါဖြစ်တဲ့သူရှိရင် တခြားသူတွေထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ စိတ်ရောဂါအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အအန်ပျောက်ဆေး၊ အမူးပြေဆေး၊ အတက်ရောဂါပျောက်ဆေး၊ မူးယစ်ဆေးဝါးဖြတ်ဆေး၊ တချို့ပဋိဇီ၀ အားဆေးတွေကြောင့်လည်း ပါကင်ဆန် ရောဂါဖြစ်စေတတ်ပါတယ်။
ဆောင်ရန် အစားအစာများ
ပါကင်ဆန်ရောဂါအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာများမှာ-
- သဘာ၀အော်ဂဲနစ် သား၊ ငါး၊ ဟင်း သီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကို ရွေးချယ်စားသုံးပါ။
- အမျှင်ဓာတ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်စားပါ။
- နာနတ်သီး၊ လိမ္မော်သီးစတဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံ များများစားပါ။
- ပဲမျိုးစုံ၊ မြေပဲ၊ သီဟိုဠ်၊ ဗာဒံ၊ သစ်ကြားသီး စတဲ့ အစေ့အဆန်တွေစားပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ သစ်ကြံပိုး၊ လေးညှင်း စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေစားပါ။
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စားပါ။
- ခွေးလှေးယားစေ့ စားပါ။
- ကော်ဖီ၊ အနက်ရောင်ချောကလက် စားပါ။
- အိပ်ရေး၀၀ အိပ်စက်ပါ။
- နေ့စဉ် ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ပါ။
- လေကောင်းလေသန့်ကို ခပ်ပြင်းပြင်း ရှူရှိုက်ပါ။
- အဆီပါသော ပင်လယ်ငါးစားပါ။ ရေချိုရေငန်စပ်ငါးများ စားပါ။
- ရေနွေးကြမ်းသောက်ပါ။
- ဗီတာမင်ဘီ-6၊ ဗီတာမင်ဘီ-12၊ ဗီတာမင်ဒီ၊ ငါးကြီးဆီ၊ သံဓာတ်အားဆေး၊ မဂ္ဂနိစ်ဓာတ် အားဆေး များကလည်း ပါကင်ဆန်ရောဂါအတွက် ဖြည့်စွက်စာများဖြစ်ကြ ပါတယ်။
- fava beans (ခေါ်) အစိမ်းရောင် ပဲပင်တစ်မျိုးထဲရှိ ပဲစေ့လေးထဲမှာပါရှိတဲ့ ဆေးဖက်၀င်သဘာ၀ levodopa ဓာတ်က ဦးနှောက် အာရုံခံဆဲလ်တွေကို ကောင်းကျိုးပြုတာကြောင့် စားသုံးသင့်ပါတယ်။
ရှောင်ရန် အစားအစာများ
- ခြေလေးချောင်းသားအဆီများ စားသုံးခြင်းမှ ရှောင်ပါ။
- ကောက်ညှင်းနဲ့ စေးထန်းလွန်းသော ထမင်းလျှော့စားပါ။
- ဆီကြော်အစားအစာများ ရှောင်ပါ။
- ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဆေးလိပ် ငွေ့၊ ကတ္တရာနံ့၊ ကားမီးခိုးနံ့အပါအ၀င် မကောင်းသော မသန့်ရှင်းသော အနံ့အသက်များ မရှူမိစေရန် သတိပြုပါ။
- အတတ်နိုင်ဆုံး စိတ်ပူပင်သောက လျှော့၍ အိပ်ရေး၀၀ အိပ်စက်ပါ။
- ဒန်အိုးဒန်ခွက်အစား အလူမီနီယမ် အိုးခွက်များကိုသုံး၍ ချက်ပြုတ်စားသောက်ပါ။
အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါကို လူဦးရေတစ်သန်းကျော် ခံစားနေကြရပြီး ထိထိရောက်ရောက် ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရောဂါတိုးပြီး မဆိုးရွားလာအောင် ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့်သာ ကုသပေးနေပါတယ်။
အနှစ်ချုပ်ဆိုရရင် ပါကင်ဆန်ရောဂါက ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်း အမြန်ဆုံး နာ့ဗ်ဆဲလ်စနစ်ရောဂါများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပါကင်ဆန်ရောဂါပျောက်ကင်းစေနိုင်တဲ့ ကုထုံးမျိုးမရှိသေးဘဲ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးဝါးတွေသာ ရှိနေပါသေးတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကို သိရှိလိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
Source- Myawady Webportal

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ရှာဖွေစမ်းသပ်မှုအတွက် မှတ်တိုင်တစ်ခုအဖြစ် ပထမဆုံး ရောဂါရှာဖွေစမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားသည်။
အာဖရိကတွင် ရောဂါရှာဖွေစမ်းသပ်မှုစွမ်းရည်ကို အကန့်အသတ်ဖြစ်စေပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဆက်လက်ရုန်းကန်နေရချိန်တွင် အဆိုပါ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရွန်ဒီနှင့်နိုင်ဂျီးရီးယားတို့တွင် ယခုနှစ်အတွင်း မျောက်ကျောက် ရောဂါ ဖြစ်ပွားမှုပေါင်း ၃၀၀၀၀ ကျော်တွေ့ရှိခဲ့သည်။
ကွန်ဂိုသမ္မတနိုင်ငံတွင် ယခုနှစ်အတွင်းသံသယရှိသူ ၃၇ ရာခိုင်နှုန်းကိုသာ စမ်းသပ်နိုင်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအေဂျင်စီမှ သိရသည်။
Alinity m MPXV ဆန်းစစ်ချက်ဟု လူသိများသော လျင်မြန်ပြီး တိကျသည့် ရလဒ်ကို ရရှိနိုင်သော အဆိုပါ စမ်းသပ်ကိရိယာသည် မျောက်ကျောက်ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရသော နိုင်ငံများတွင် ရောဂါရှာဖွေနိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ယူကီကို နာကာတာနီက ပြောသည်။
ဆင်ဟွာ