တောမီးလောင်ရာ Los Angeles သို့ သမ္မတထရမ့် ဇန်နဝါရီ ၂၄ ရက်(သောကြာနေ့)တွင် သွားရောက်မည်
News Image

လွန်ခဲ့သောနှစ်ပတ်က တောမီးလောင်ကျွမ်းခဲ့သည့် လော့စ်အိန်ဂျလိစ်ရှိနေရာများသို့ ဇန်နဝါရီ ၂၄ ရက်နေ့ တွင် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တွင် ပြောကြားခဲ့ပါသည်။
“သမ္မတထရမ့်၏ လာရောက်လည်ပတ်မှုကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုသမ္မတ၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း” ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin က ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် ပြောကြားလိုက်ပါသည်။