သမ္မတထရမ့်၏ ဂရင်းလန်းပိုင်ဆိုင်ရေး ကြေညာချက်က နေတိုးအဖွဲ့ဝင်များကြား ပဋိပက္ခ မီးမွှေးလာနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

News Image

သမ္မတထရမ့်၏ ဂရင်းလန်းပိုင်ဆိုင်ရေး ကြေညာ ချက် က နေတိုးအဖွဲ့ဝင်များကြား ပဋိပက္ခ မီးမွှေးလာနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

ဂရင်းလန်းကို အမေရိကန်ပိုင်နက်ဖြစ်လာစေရေး ထရမ့်မှတ်ချက်များက နေတိုးအဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အမေရိကန်၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေသော နေတိုးအဖွဲ့ လုပ်ငန်းလည်ပတ်မှုအတွက်  ထည့်ဝင်ပေးနေသည့် ကုန်ကျစရိတ်ပမာဏ လျှော့ချနိုင်ရေး ဥရောပနိုင်ငံများက ပိုမိုတာဝန်ယူပေးကြရန် ဖိအားပေးလာနိုင်ကြောင်း၊ ဂရင်းလန်းကိစ္စတွင်လည်း နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြားနယ်မြေပိုင်နက်ရယူလိုမှုနှင့်ပတ်သက်၍  ပထမဆုံး သာဓကဖြစ်လာကြောင်း အမေရိကန်ကွန်မြူနစ်ပါတီဝင် Christopher Helali က TASS ကို  ပြောကြားထားပါသည်။

ကိုးကား-TASS

သစ်တောပြုန်းတီးမှုအပေါ် ဝေဖန်မှုများရှိလာသောကြောင့် ဇီဝလောင်စာစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို တောင်ကိုရီးယား လျှော့ချမည်

News Image

သစ်တောပြုန်းတီးမှုအပေါ် ဝေဖန်မှုများရှိလာသောကြောင့် ဇီဝလောင်စာစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို တောင်ကိုရီးယား လျှော့ချမည်

ဇီဝလောင်စာစွမ်းအင်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ သစ်တောပြုန်းတီးမှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဝေဖန်မှုများမြင့်တက်လာပြီးနောက် တောင်ကိုရီးယားအစိုးရသည် ဇီဝလောင်စာစွမ်းအင်ဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို လျှော့ချသွားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွ လှုပ်ရှားသူများက ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံ၏ ဇီဝလောင်စာစွမ်းအင်ဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို ရပ်ဆိုင်းရန် ကြန့်ကြာနေမှုများနှင့် လိုအပ်ချက်များ အပေါ် ဝေဖန်ခဲ့ကြသည်။

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒေါ်လာ ၁ သန်း လာဘ်စားမှုဖြင့် ယူကရိန်းစစ်တပ်၏ စိတ်ရောဂါ အထူးကုဆရာဝန် အကြီးအကဲကို ဖမ်းဆီးထိန်းသိမ်း

News Image

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒေါ်လာ ၁ သန်း လာဘ်စားမှုဖြင့် ယူကရိန်းစစ်တပ်၏ စိတ်ရောဂါ အထူးကုဆရာဝန် အကြီးအကဲကို ဖမ်းဆီးထိန်းသိမ်း

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒေါ်လာ ၁ သန်း လာဘ်စားမှုဖြင့် ယူကရိန်းစစ်တပ်၏ စိတ်ရောဂါအထူးကုဆရာဝန် အကြီးအကဲကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါဆရာဝန်ကြီးမှာ စစ်ပွဲတွင် စစ်မှုထမ်းရန် သင့်၊ မသင့် ဆုံးဖြတ်ပေးရသည့် ကော်မရှင် တစ်ခု၏ အကြီးအကဲဖြစ်ကြောင်း ယူကရိန်း လုံခြုံရေးဝန်ဆောင်မှုဌာနထုတ်ပြန်ချက်အရ သိရပါသည်။

ကိုးကား -BBC

AI အခြေခံအဆောက်အအုံ တိုးမြှင့်ဖော်ဆောင်ရေး သမ္မတထရမ့်ကြေညာ

News Image

AI အခြေခံအဆောက်အအုံ တိုးမြှင့်ဖော်ဆောင်ရေး သမ္မတထရမ့်ကြေညာ

သမ္မတ ထရမ့်သည် အထင်ကရ နည်းပညာ အမှုဆောင်များဖြစ်သည့် ဆမ်အောလ်မန်နှင့် လာရီအယ်လီဆန်၊ ဂျပန်နိုင်ငံသား နည်းပညာကုမ္ပဏီ ပိုင်ရှင်သူဌေးကြီး Masayoshi Son တို့၏ ရှေ့တွင် အမေရိကန်အခြေစိုက် AI နည်းပညာကုမ္ပဏီ Stargate ကို မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ (ယူရိုဘီလီယံ ၄၀၄) ဖြင့် လည်ပတ်သွားမည် ဖြစ်ကြောင်း၊ ခန့်မှန်းခြေ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။