ဂျပန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၅ သန်းခန့်ကိုသုတ်သင်ရှင်းလင်းခဲ့ရ

News Image

ဂျပန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၅ သန်းခန့်ကိုသုတ်သင်ရှင်းလင်းခဲ့ရ

ဂျပန်နိုင်ငံသည် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး ယခုလတစ်လအတွင်းမှာပင် ကြက်ကောင်ရေ ၅ သန်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်းမှာပင် မိုရီယိုကာမြို့ရှိ မွေးမြူရေးခြံနှစ်ခုတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားခြင်းကြောင့် အာဏာပိုင်များက အီဝါတေးစီရင်စုအတွင်း ရောဂါပိုးကူးစက်မှု တုံ့ပြန်တားဆီးရေးအတွက် လုပ်ဆောင်ခဲ့ရကြောင်း စိုက်ပျိုးရေး၊  သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက  ထုတ်ပြန်သည်။

နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်အား တရုတ်နှင့်သီရိလင်္ကာ သက်တမ်း ထပ်မံတိုးမြှင့်

News Image

နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်အား တရုတ်နှင့်သီရိလင်္ကာ သက်တမ်း ထပ်မံတိုးမြှင့်

တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့သည် နှစ်နိုင်ငံကြား  နိုင်ငံသုံးငွေကြေးလဲလှယ်ရေး   သဘောတူညီချက်အားသက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။

နှစ်နိုင်ငံကြားနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သက်တမ်းတိုးခြင်းကို  တရုတ်ဗဟိုဘဏ်နှင့် သီရိလင်္ကာဗဟိုဘဏ်တို့ကြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လဲလှယ်ရန်သဘောတူထားသည့်စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ) သို့မဟုတ် သီရိလင်္ကာရူပီး ၄၁၀ ဘီလီယံဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု ထရမ့်ကြေညာခြင်းအပေါ် စိတ်မကောင်းဖြစ်မိဟုဆို

News Image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု ထရမ့်ကြေညာခြင်းအပေါ် စိတ်မကောင်းဖြစ်မိဟုဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ  အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အဆိုပါအဖွဲ့ကြီးက ဇန်နဝါရီလ၂၁ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ထရမ့်အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဟုမျှော်လင့်မိကြောင်း၊   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အမေရိကန်နှင့်မိတ်ဖက်ပူးပေါင်းခြင်းကို ဆက်လက်ထိန်းသိမ်းရန်  မျှော်လင့်ထားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင်ဖော်ပြသည်။

ရုရှားသမ္မတပူတင်နှင့်ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ထရမ့်ကအကြံပေးများကိုညွှန်ကြား

News Image

ရုရှားသမ္မတပူတင်နှင့်ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ထရမ့်ကအကြံပေးများကိုညွှန်ကြား

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး   မကြာမီရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ၎င်း၏အကြံပေးများကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့မှအရင်းအမြစ်များကိုကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။