ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မအူပင် မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပိုမိုကြိုးစားအားထုတ်

နိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာ မရောက် ဟု ဒေါ်နယ်ထရမ့် ပြော

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇

သမ္မတ အမိန့်အာဏာကို အလွန်အကျူး အသုံးပြုပြီး နိုင်ငံ့ ဝန်ထမ်းများစွာ ထုတ်ပယ်ခြင်း၊ အစိုးရအေဂျင်စီများစွာကိုပယ်ဖျက်ခြင်း၊ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေများကို ပိတ်ပင်ခြင်းများစွာ လုပ်ဆောင်နေခဲ့သော ဒေါ်နယ်ထရမ့်က မိမိနိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာမရောက်နိုင်ဆိုသည့် နပိုလီယံ၏ လက်သုံးစကား အသုံးပြုကာ ဝေဖန်မှုများကို တုံ့ပြန်သွားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခြေခံမူနှင့် ရပ်တည်ချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

အတ္တလန္တိတ် နှစ်ဖက် ဆက်ဆံရေးအခင်းအကျင်း ပြောင်းလဲသွားပြီလား

Posted_Date

Image

အတ္တလန္တိတ် နှစ်ဖက် ဆက်ဆံရေးအခင်းအကျင်း ပြောင်းလဲသွားပြီလား

Body

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ယူကရိန်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် ဗြိတိန်စစ်တပ်များကို စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ပြောကြားလိုက်ပါသည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန်နှင့်ရုရှားအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဉရောပနိုင်ငံများကို ပါဝင်လာစေရန် ကြိုးပမ်းမှုဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖုန်းခေါ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပြီး ဥရောပနိုင်ငံများကိုမူ ဆွေးနွေးမှုမှန် ချန်လှပ်ထားခဲ့ပါသည်။

Starmer သည် ဗြိတိန်စစ်သားများကို အန္တရာယ်များပြားလှသည့်နေရာများသို့ ပို့ဆောင်ရန် ဆုံးဖြတ်ချက်မှာ လွယ်ကူစွာ ချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း ယူကရိန်း၏ လုံခြုံရေးကို အာမခံပေးရန် ငြိမ်းချမ်းရေးတည်တံ့မှုသည် အရေးကြီးကြောင်း ပြောကြားထားပါသည်။

အဆိုပါထုတ်ဖော်ပြောကြားချက်မှာ ပြင်သစ်သမ္မတ Macron ၏ ဖိတ်ကြားချက်အရ ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာအရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပါရီမြို့တွင် မကျင်းပမီ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

Starmer သည် ဥရောပနိုင်ငံများက ယူကရိန်း၏ လုံခြုံရေးအာမခံချက်များတွင် ပိုမိုပါဝင်လာကြရန် အထူးလိုအပ်နေကြောင်း၊ ဥရောပနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးတည်တံ့မှုအတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားပါသည်။

ပါရီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး ဥရောပလုံခြုံရေးနှင့် ယူကရိန်း အနာဂတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည့် ၂၀၂၅ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှာလည်း  ဥရောပလုံခြုံရေးကို မိမိဘာသာတာဝန်ယူကြရန် အမေရိကန်ဒုတိယသမ္မတ JD Vance ၏ သတိပေးပြောကြားချက်ကြောင့် လက်ရှိအချိန် စစ်ရေးဘဏ္ဍာငွေ အကျပ်အတည်းကြောင့် လက်ရှောင်နေကြသော ဥရောပခေါင်းဆောင်များအတွက် ကြိတ်မနိုင်ခဲမရ အနေအထားဖြင့် အဆုံးသတ်သွားကြပါသည်။ 

ဒေါ်နယ်ထရန့်၏ ယူကရိန်းကိစ္စအပေါ် ဥရောပကို လျစ်ရှုပြုမှုနှင့် အမေရိကန်ဒုတိယသမ္မတက မြူးနစ်ညီလာခံတွင် ပြောကြားသည့် ဥရောပအပေါ် အမေရိကန်ရပ်တည်ချက်တို့ကြောင့် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲနေကြပြီး အချို့နိုင်ငံများက နေတိုးမှ တရားဝင်နုတ်ထွက်သွားမည် မဆိုသော်လည်း ကိုယ်ပိုင်တပ်မတော် ထူထောင်ရန် အဆင့်ထိ လမ်းကြောင်းရှာနေကြပါသည်။ ယူကရိန်းအနာဂတ်နှင့် ဥရောပလုံခြုံရေးကို လာမည့် ပါရီလုံခြုံရေးဆိုင်ရာ အရေးပါ်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးရတော့မည် ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်-ဥရောပအခင်းအကျင်း (transatlantic )ရွေ့လျားပြောင်းလဲသွားပြီလား စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။